ကနေဒါနိုင်ငံ၏ လူဦးရေသည် ၂၀၆၈ ခုနှစ်တွင် ၇၄ သန်းအထိ ရောက်ရှိနိုင်

 

အော့တဝါ   ဩဂုတ်  ၂၃


ကနေဒါနိုင်ငံ၏   လူဦးရေသည် ၂၀၆၈ ခုနှစ်တွင် နှစ်ဆနီးပါးဖြစ် သည့် ၇၄ သန်းအထိ ရောက်ရှိနိုင် ဖွယ်ရှိကြောင်း  ကနေဒါစာရင်း အင်းအဖွဲ့၏    ဩဂုတ်   ၂၂   ရက် ထုတ်ပြန်ကြေညာချက်အရ သိရ သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏ လူဦးရေသည် ၃၈ ဒသမ ၂ သန်းရှိ ရာမှ ၂၀၄၃ ခုနှစ်တွင် ၄၂ ဒသမ ၉ သန်းနှင့် ၅၂ ဒသမ ၅ သန်းကြား ရောက်ရှိနိုင်ပြီး ၂၀၆၈ ခုနှစ်တွင် ၄၄ ဒသမ ၉ သန်းမှ ၇၄ သန်းကြား အထိ         ရောက်ရှိနိုင်ကြောင်း အမျိုးသားစာရင်း   အေဂျင်စီက ပြောသည်။  

 


အသက်အရွယ်      အလယ် အလတ်   အပိုင်းအခြားတစ်ခု အနေဖြင့် ကနေဒါနိုင်ငံ၏ လူဦးရေ သည် ၂၀၄၃ ခုနှစ် တွင် ၄၇ ဒသမ ၈ သန်းရှိနိုင်ပြီး ၂၀၆၈ ခုနှစ်တွင် ၅၆ ဒသမ ၅ သန်းအထိ ရှိနိုင် ကြောင်း အဆိုပါအေဂျင်စီက ပြော သည်။ ကနေဒါနိုင်ငံ၏ လူဦးရေ သည်    လာမည့်ဆယ်စုနှစ်များ အတွင်း အသက်ကြီးရင့်လာသည့် အရွယ်သို့ ရောက်ရှိလာနိုင်သည့် အတွက် နိုင်ငံ၏ ပျမ်းမျှအလယ် အလတ်   အသက်အရွယ်အပိုင်း အခြားသည် ၂၀၂၁ ခုနှစ်တွင် ၄၁ ဒသမ ၇ နှစ်မှ  ၂၀၄၃ ခုနှစ်တွင် ၄၄ ဒသမ ၁ နှစ်ရှိနိုင်ပြီး ၂၀၆၈ ခုနှစ်တွင်   ၄၅  ဒသမ ၁ နှစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ 

 


ထို့အပြင် အသက် ၈၅ နှစ်နှင့် အထက်ရှိသော နိုင်ငံလူဦးရေသည် ၂၀၂၁ ခုနှစ်တွင် ၈၇၁၀၀၀ ရှိရာမှ ၂၀၆၈ ခုနှစ်တွင် ၃ ဒသမ ၂ သန်း အထိ    ရှိနိုင်ကြောင်း  ကနေဒါ စာရင်းအင်းအဖွဲ့က ပြောသည်။          

              
ဆင်ဟွာ