အာကာသထဲသို့ ဂြိုဟ်တုသစ်တစ်စင်း တရုတ်နိုင်ငံ အောင်မြင်စွာ လွှတ်တင်

 

ပေကျင်း  ဩဂုတ်  ၂၃ 


တရုတ်နိုင်ငံသည်    ဩဂုတ် ၂၃ ရက်တွင်   နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်   စီချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ    ဂြိုဟ်တု သစ်တစ်စင်းကို အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 

 


တရုတ်သိပ္ပံ   အကယ်ဒမီမှ   တီထွင်လိုက်သည့်   Chuangxin-16  ဂြိုဟ်တုကို   ပေကျင်းစံတော်ချိန်  နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် Kuaizhou-1A သယ်ဆောင်ရေး ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး  စီစဉ် သတ်မှတ်ထားသည့် ပတ်လမ်းထဲသို့  အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ ကြောင်း သိရသည်။ 

 


အဆိုပါ ဂြိုဟ်တုကို သိပ္ပံနည်းကျစမ်းသပ်မှုများနှင့် နည်းပညာ အသစ်များကို အတည်ပြုခြင်းအတွက် အဓိကအားဖြင့် အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ    ဂြိုဟ်တုလွှတ်တင်မှုသည်      သယ်ဆောင်ရေးဒုံးပျံ Kuaizhou-1A  များ၏    (၁၆)   ကြိမ်မြောက်   လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။                                                                  

ဆင်ဟွာ