
မနီလာ ဩဂုတ် ၂၀
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် သမ္မတရာထူးရရှိ သည့် အချိန်မှစကာ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် စက်တင်ဘာလ အတွင်း အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရ သည်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာ၏ ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၉ ရက်တွင် အဆိုပါ ခရီးစဉ်နှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်းနှင့် သွားရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဖိလစ်ပိုင် သမ္မတ မားကို့စ်ဂျူနီယာသည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာအားကောင်းစေလိုသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဖိတ်ကြားမှုကို လက်ခံရရှိပြီးနောက် ဝါရှင်တန်သို့ သွားရောက် လည်ပတ်ရန် စဉ်းစားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားသည်။
အင်န်အိတ်ချ်ကေ