အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် ဂျီ - ၂၀ ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ တက်ရောက်မည်

 

ဂျကာတာ    ဩဂုတ်    ၁၉


အင်ဒိုနီးရှားနိုင်ငံ၌    မကြာမီကျင်းပမည့်    ဂျီ- ၂၀ ထိပ်သီးအစည်းအဝေးသို့  ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်သမ္မတ  ရှီကျင့်ဖျင်တို့  တက်ရောက် မည်ဖြစ်ကြောင်း   အင်ဒိုနီးရှားသမ္မတ   ဂျိုကိုဝီဒိုဒိုက ဩဂုတ် ၁၉ ရက်က ပြုလုပ်သည့်  အင်တာဗျူးတစ်ခု တွင် ပြောကြားသည်။

 


အထူးသဖြင့်  ယူကရိန်းနှင့်ထိုင်ဝမ်တို့တွင် အကျပ် အတည်းများ      ဖြစ်ပေါ်နေချိန်တွင်     အမေရိကန်နှင့် ပြိုင်ဘက်အင်အားကြီး         ခေါင်းဆောင်နှစ်ဦး တက်ရောက်မည့်      အဆိုပါအစည်းအဝေးသည် အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်နှင့်  မျက်နှာချင်းဆိုင် တွေ့ဆုံကြမည့် ဆွေးနွေးပွဲစင်မြင့်  ဖြစ်လာမည်ဖြစ် သည်။

 


ခေါင်းဆောင်နှစ်ဦးစလုံးက    ဂျီ- ၂၀   ထိပ်သီး အစည်းအဝေးကို      ကိုယ်တိုင်တက်ရောက်မည်ဟု   ပြောကြားခဲ့ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက ဘလွန်းဘတ်သတင်းဌာနနှင့်ပြုလုပ်သည့်  တွေ့ဆုံမေးမြန်း ခန်းတစ်ခုတွင် ဖြေကြားထားသည်။ 
သမ္မတပူတင်အနေဖြင့်   အင်ဒိုနီးရှားသမ္မတ၏ ထိပ်သီးအစည်းအဝေးဖိတ်ကြားစာကို လက်ခံရရှိ ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေပေါ်မူတည်၍ အစည်းအဝေး      တက်ရောက်သွားမည်ဖြစ်ကြောင်း ကရင်မလင်မှ   တာဝန်ရှိသူများက  ဇွန်လတွင်ပြော ကြားထားသည်။

 


အင်ဒိုနီးရှားနိုင်ငံအနေဖြင့်   လက်ရှိ   ဂျီ - ၂၀ ထိပ်သီးနိုင်ငံများ၏     အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိပြီး  ရုရှားသမ္မတအား  ဂျီ - ၂၀ အစည်းအဝေးတက်ရောက်ရန်      ဖိတ်ကြားထား ကြောင်း   ဧပြီလအတွင်းက  ထုတ်ပြန်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၎င်းအား အစည်းအဝေးသို့ တက်ရောက်ခွင့်မပြုရန်       အနောက်နိုင်ငံများ၏ ဖိအားပေးမှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ 

 


သို့သော် အင်ဒိုနီးရှားနိုင်ငံ၏  ကြားနေသဘောထား ကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပွား နေသည့် ပဋိပက္ခများအား  ငြိမ်းချမ်းစွာ  ဖြေရှင်းရန် အတွက်   တောင်းဆိုခဲ့ကာ   ယခုနှစ်အစောပိုင်းက လည်း  သမ္မတဝီဒိုဒိုသည်  ကိယက်ဗ်နှင့်  မော်စကို မြို့တို့သို့ အလည်အပတ်ခရီးသွားရောက်ခဲ့သည်။


အေအက်ဖ်ပီ