လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက် ၁၈၀၄၃ ဦးအထိ ရှိလာပြီဖြစ်

 

ဗီယင်ကျန်း    ဩဂုတ်     ၁၇


လာအိုနိုင်ငံ၌  ဇန်နဝါရီလနောက်ပိုင်း  သေဆုံးသူ  ၁၇  ဦးအပါအဝင်  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက်သည် ၁၈၀၄၃  ဦး အထိ ရှိလာပြီဖြစ်ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။ 

 


နိုင်ငံ၏   မြို့တော်  ဗီယင်ကျန်းသည်   သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၁၁၄ ဦးရှိသဖြင့် ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်း ဩဂုတ် ၁၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ  ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပညာရေးစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ရောဂါကူးစက်မှု စုစုပေါင်း ၂၂၃၅  ဦးသည် လူအန်နမ်သာပြည်နယ်မှဖြစ်ပြီး ၁၁၈၀ သည် ဆာရာဗန် ပြည်နယ်နှင့်  ၁၁၇၆  ဦးသည်  အက်တာပီးပြည်နယ်မှဖြစ်ကြောင်း သိရသည်။ 

 


သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၇ ဦးတွင် မြို့တော် ဗီယင်ကျန်းမှ  ငါးဦး၊  အက်တာပီးပြည်နယ်မှ  လေးဦး၊  ဆာရာဗန် ပြည်နယ်မှ သုံးဦး၊ လူအန်နမ်သာပြည်နယ်နှင့် ကျင်းကောင်ပြည်နယ် တို့မှ  နှစ်ဦးစီနှင့်  အူဒွမ်ဆိုင်းပြည်နယ်မှ  တစ်ဦး  ပါဝင်ကြောင်း  သိရ သည်။ 

 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေး ရောဂါ   ကူးစက်မှုမြင့်မားသော   နိုင်ငံများတွင်    လာအိုနိုင်ငံအပြင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့တွင် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ 


ဆင်ဟွာ