ဂျပန်နိုင်ငံ၌ ဇူလိုင်လတွင် ကုန်သွယ်ရေးလိုငွေပြမှု ယန်း ၁ ဒသမ ၄ ထရီလီယံကျော်အထိရှိ

 

တိုကျို    ဩဂုတ်    ၁၇


ဂျပန်နိုင်ငံသည် ဇူလိုင်လတွင် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်း နှင့်    ယန်းငွေတန်ဖိုး   ကျဆင်းလာခြင်းတို့ကြောင့်   သွင်းကုန်တန်ဖိုး       ဆက်လက်မြင့်တက်စေသည့်အတွက်        ကုန်သွယ်ရေးလိုငွေပြမှု  ၁၂ လဆက် ရှိလာပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ် ၏ ဖော်ပြချက်အရ သိရသည်။ 

 


ဘဏ္ဍာရေးဝန်ကြီးဌာနသည်   ပြီးခဲ့သည့်လတွင်   ကုန်သွယ်ရေး လိုငွေပြမှု ယန်း ၁ ဒသမ ၄ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံခန့်) အထိရှိကြောင်း ပြောသည်။ အဆိုပါ ကုန်သွယ်ရေး လိုငွေပြမှုပမာဏသည်   ၁၉၇၉   ခုနှစ်က  စတင်စစ်တမ်းအချက်အလက်    ကောက်ယူသည့်နောက်ပိုင်း  ယခုနှစ် ဇူလိုင်လသည် အမြင့်ဆုံးဖြစ် ကြောင်း သိရသည်။ 

 


သွင်းကုန်ကဏ္ဍတွင် ရေနံစိမ်း၊ ကျောက်မီးသွေး၊  သဘာဝဓာတ်ငွေ့ နှင့် အခြားသော စွမ်းအင်ထုတ်ကုန်များ၏ ဈေးနှုန်းများ မြင့်မားလာ ခြင်းကြောင့် ယခင်နှစ်က  အလားတူကာလနှင့်  နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်တွင် ၄၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။  ပို့ကုန်ကဏ္ဍတွင် မော်တော်ကားများနှင့် ဆီမီးကွန်ဒက်တာ ထုတ်လုပ် ရေးဆိုင်ရာ  စက်ပစ္စည်းများ တင်ပို့ရောင်းချမှု  အားကောင်းလာသည့် အတွက် ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။              

                                                                                           
အင်န်အိတ်ချ်ကေ