၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ (၁ /၂၀၂၂) ညှိနှိုင်းစည်းဝေး

 

နေပြည်တော် ဩဂုတ် ၁၇


၂၀၂၂ - ၂၀၂၃     ဘဏ္ဍာရေးနှစ်  တည်ဆောက်ရေးလုပ်ငန်း  စိစစ် ရေးကော်မတီ၏    (၁/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို    ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်  ဆောက်လုပ်ရေး ဝန်ကြီးဌာန စုဝေးခန်းမဆောင်၌    ကျင်းပသည်။

 


အဆိုပါ       လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  တည်ဆောက် ရေးလုပ်ငန်းစိစစ်ရေး  ကော်မတီ ဥက္ကဋ္ဌ  ဆောက်လုပ်ရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး  ဦးရွှေ လေး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တည်ဆောက်ရေးလုပ်ငန်း  စိစစ် ရေးကော်မတီအဖွဲ့ဝင်များ၊  ပြည် ထောင်အဆင့်  ဗဟိုအဖွဲ့အစည်း များနှင့် ပြည်ထောင်စုဝန်ကြီးဌာန များ၊  နေပြည်တော်ကောင်စီတို့ မှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဌာန ကြီးမှူးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ညှိနှိုင်း    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် တွင်  တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ ပြည်ထောင် စု မူလငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအရေ အတွက် ၉၉၄၂  ခု အနက် တိုင်း ဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ များသို့  လွှဲပြောင်းသည့်လုပ်ငန်း အရေအတွက်မှာ ၄၂၉ ခုရှိသည့် အတွက် ဝန်ကြီးဌာနများမှဦးစီး ဌာနအလိုက် အကောင်အထည် ဖော်ဆောင်ရွက်ရမည့်  လုပ်ငန်း အရေအတွက်မှာ  ၉၅၁၃  ခု ဖြစ်ပါ ကြောင်း။
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင် ရွက်သောလုပ်ငန်းများ  အချိန်မီ ပြီးစီးအောင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်သို့ လွှဲပြောင်းပေးသည့် လုပ်ငန်းများ၏ ခန့်မှန်းခြေစာရင်း များ စိစစ်ပြီးပါက တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေးကော်မတီသို့ အတည်ပြုချက်ရယူရန် ဘဏ္ဍာ ရေးနှစ် မကုန်မီပေးပို့ရန် လိုအပ် ပါကြောင်း၊ ရေးဆွဲပြီး ခန့်မှန်းခြေ စာရင်းများကို    သတ်မှတ်ထား သည့်    အခွင့်အာဏာအလိုက် သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင် မှုဆိုင်ရာ ခွင့်ပြုချက် (Technical Sanction) ချမှတ်ထားရန် ဖြစ်ပါ ကြောင်း၊    တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး     ကော်မတီမှ သက်ဆိုင်ရာ     ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေရရှိမှု၊ ကျွမ်းကျင် မှုဆိုင်ရာခွင့်ပြုချက်အရ သုံးစွဲငွေ နှင့် ခြားနားငွေများကို အတည်ပြု ထုတ်ပြန်ပေးသွားမည်     ဖြစ်ပါ ကြောင်း၊   ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးမှုခံယူရာတွင် ကျွမ်းကျင် မှုဆိုင်ရာ ခွင့်ပြုချက် (Technical Sanction) ရယူထားသည့် ခန့်မှန်း ခြေစာရင်းဖြင့် စစ်ဆေးမှုခံယူရန် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက်   ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က   ကော်မတီအနေဖြင့်   ဆောင် ရွက်ရမည့်      လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများ၊    မူဝါဒ များနှင့်  ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စု     စာရင်းစစ်ချုပ်ရုံး      ညွှန်ကြားရေးမှူးချုပ်က     ထုတ် ပြန်ထားသည့်    အမိန့်ညွှန်ကြား ချက်များ၊    ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ၊   တင်ဒါစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ Real Time Audit   နှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍   ဆွေးနွေးပြောကြား သည်။

 


ယင်းနောက် တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊  ကော်မတီအဖွဲ့ ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ  တာဝန်ရှိသူများက  တည် ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့်စပ်လျဉ်း၍ မိမိတို့နှင့် သက်ဆိုင်သည့်   ကဏ္ဍအလိုက် အသီးသီးအကြံပြု ဆွေးနွေတင်ပြ မှုတို့အပေါ်      ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က  နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်