
ရေတာရှည် ဩဂုတ် ၁၇
ရေတာရှည် တပ်နယ်အတွင်း အကြမ်းဖက် သောင်းကျန်းသူ များထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေး တပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြု ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသ ကြီး ရေတာရှည်မြို့နယ် ရေနီမြို့ အမှတ်(၅) စစ်အခြေခံလေ့ကျင့် ရေးတပ် နယ်မြေခံတပ်နယ်ခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းတို့က ဩဂုတ် ၁၃ ရက် တွင် ရေတာရှည်မြို့နယ် စည်ပင် သာကျေးရွာအနီး အကြမ်းဖက် သမားများနှင့် ထိတွေ့မှုဖြစ်စဉ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက် ခဲယမ်းများစွာ သိမ်းဆည်း ရရှိခဲ့မှုအပေါ် ချီးမြှင့်ဂုဏ်ပြု စကားများ ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင် များကို ချီးမြှင့်ငွေကျပ်သိန်း ၅၀ နှင့် ဂုဏ်ပြုမှတ်တမ်းကိုလည်း ကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း က ချီးမြှင့်ငွေကျပ် ၃၉ သိန်း နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ချီးမြှင့်ငွေကျပ် ၁၀ သိန်း၊ ရေတာရှည်တပ်နယ်မှ ချီးမြှင့်ငွေကျပ် ငါးသိန်း၊ ဌာန ဆိုင်ရာများက ချီးမြှင့်ငွေကျပ် ငါးသိန်းနှင့် တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးက ချီးမြှင့်ငွေကျပ် ငါးသိန်း ဂုဏ်ပြုချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများအား ကြည့်ရှု ကြသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ရေတာရှည်မြို့နယ် စည်ပင် သာကျေးရွာအနီး ဩဂုတ် ၁၃ ရက် အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက်မျိုးစုံ ၂၇ လက်၊ ကျည်/ခဲယမ်းမျိုးစုံ အတောင့် ၇၈၀၊ ဗုံး ခြောက်လုံး၊ ကျည်အိမ်မျိုးစုံ အခု ၂၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်