ပဲခူးမြို့၌ တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 

ပဲခူး   ဩဂုတ်    ၁၆


၂၀၂၂-၂၀၂၃  ပညာသင်နှစ်  ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု    တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကို  ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ    တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့ အစည်း တည်ဆောက်နိုင်ရန်နှင့်  လူတစ်ဦးချင်းစီ ၏   ပျမ်းမျှသက်တမ်း   တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးသည်  အဓိကကျသောကဏ္ဍမှ ပါဝင် လျက်ရှိကြောင်း၊  နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်သည်  ပညာရေးနှင့်ကျန်းမာရေးပေါ်တွင် မူတည်လျက်ရှိရာ       ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းမှသာ    အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မည်ဖြစ်သည့်အတွက်   ကျောင်းသား လူငယ်များ၏   ကျန်းမာရေးကို အထူးဂရုပြု  ပြုစု ပျိုးထောင်ပေးသွားရမည်ဖြစ်ကြောင်း     ပြောကြား သည်။

 


ထို့နောက် ပဲခူးမြို့ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) စိန်ထွန်းကျောင်းမှ    ကျောင်းသား ကျောင်းသူများက        တစ်ကိုယ်ရေသန့်ရှင်း ကျန်းမာခြင်း   တေးသီချင်းဖြင့်   သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ရာ  တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

 


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က  ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်း အမှတ်  ဗီဒီယိုကလစ်အား      ကြည့်ရှုအားပေးခဲ့ပြီး နောက်  ကျောင်းသားလူငယ်များအား  ဗီတာမင်အေ    ဆေးလုံးများတိုက်ကျွေးသည်။  

 

ဆက်လက် ၍     တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   ပဲခူးမြို့အတွင်း      အခြေခံပညာကျောင်းများရှိ  ကျောင်းသား လူငယ်များအား  အာဟာရဖြည့်  အစား အစာများ    သွားရောက်တိုက်ကျွေးခဲ့ကြောင်း     သိရ သည်။

 


၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပဲခူးတိုင်းဒေသ ကြီးအတွင်း     ကျောင်းကျန်းမာရေးအနေဖြင့် စာသင်ကျောင်းပေါင်း  ၁၁၄၀၊  ကျောင်းသားဦးရေ ၆၈၆၅၅ ဦးအား  ကျန်းမာရေးစစ်ဆေးပေးနိုင်ခဲ့ပြီး အသက်ငါးနှစ်မှ ၁၂  နှစ်အထိ   ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေး   ဒုတိယအကြိမ်ထိုးနှံပြီး ကျောင်းသား ကျောင်းသူ ၈၂  ရာခိုင်နှုန်း၊   အသက် ၁၂ နှစ်အထက်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ဒုတိယအကြိမ် ထိုးနှံပြီးသည့်  ကျောင်းသား   ကျောင်းသူ   ၉၀ ရာခိုင်းနှုန်းရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်