
ဂျကာတာ ဩဂုတ် ၁၆
အင်ဒိုနီးရှားနိုင်ငံသည် ဇူလိုင်လ တွင် မော်တော်ကား လက်ကား ရောင်းချရမှု စုစုပေါင်း ၈၆၂၅၆ စီး ရှိပြီး ဇွန်လက ကားရောင်းချမှု ထက် ၁၀ ရာခိုင်နှုန်းနီးပါး မြင့် တက်လာကြောင်း အင်ဒိုနီးရှား မော်တော်ကားလုပ်ငန်း အသင်း အဖွဲ့က ဩဂုတ် ၁၅ ရက်တွင် ပြောသည်။
ဇန်နဝါရီလမှ ဧပြီလကြား ကား လက်ကားရောင်းချရမှုသည် ၅၆၁၂၈၇ စီးအထိရှိပြီး ယခင်နှစ် က အလားတူကာလက ကား လက်ကားရောင်းချရမှု ၄၅၁၈၈၇ စီးသာရှိသည့်အတွက် ယခုနှစ် တွင် မြင့်တက်လာကြောင်း သိရ သည်။ နှစ်စဉ် ဇူလိုင်လ ကားလက် ကားရောင်းချရမှုကို ကြည့်လျှင် ယခင်နှစ်က ဇူလိုင်လတွင် ၆၆၆၃၉ စီးသာရှိခဲ့ရာမှ ယခုနှစ် ဇူလိုင်လတွင် စုစုပေါင်း ၈၆၂၅၆ စီးရှိလာသည့်အတွက် ယခင်နှစ် ကထက် မြင့်တက်လာခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့၏ ထုတ်ပြန် သော အချက်အလက်အရ ပြီးခဲ့ သည့် ခုနစ်လအတွင်း တိုယိုတာ ကားရောင်းချရမှုသည် ၁၇၈၇၈၇ စီးအထိ ရှိသည့်အတွက် ကား ဈေးကွက်ကို ဦးဆောင်လျက်ရှိပြီး ၎င်းနောက်တွင် ဒိုင်ဟတ်ဆုကား ရောင်းချရမှုက ၁၀၆၂၇၈ စီး၊ ဟွန်ဒါကား ရောင်းချရမှုက ၇၂၁၈၄ စီးနှင့် မစ်ဆူဘစ်ရှီ ကားရောင်းချရမှုက ၅၉၃၁၉ စီး ရှိကြောင်း သိရသည်။
ဆင်ဟွာ