ပေါ်တူဂီနိုင်ငံ၌ လေးနှစ်အတွင်း အကြီးမားဆုံး မီးလောင်မှုဖြစ်ပွား

 

လစ္စဘွန်း   ဩဂုတ်   ၁၆


ပေါ်တူဂီနိုင်ငံ၏  အကြီးမားဆုံး ကြိုးဝိုင်းဧရိယာဖြစ်သည့် Serra da   Estrela   တွင်  မီးလောင်မှု ဖြစ်ပွားခြင်းသည်   ၂၀၁၈  ခုနှစ် နောက်ပိုင်း       အကြီးမားဆုံး မီးလောင်မှုဖြစ်ကြောင်း  ပေါ်တူဂီ သဘာဝနှင့်         သစ်တောများ ထိန်းသိမ်းရေးဆိုင်ရာ   အဖွဲ့က ဩဂုတ် ၁၆ ရက်တွင် ပြောသည်။ 

 


၁၀   ရက်ကြာ   မီးလောင်မှု ဖြစ်ပွားပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ဟက်တာ ၁၆၀၀၀ ကျော် ထိခိုက်ပျက်စီးမှု       ဖြစ်ပွားခဲ့ ကြောင်း  သိရသည်။     မီးငြိမ်းရန် အတွက်   မီးသတ်သမား  ၁၇၀၀ နီးပါးကို    ယာဉ်အစီးရေ  ၅၀၀ ကျော်နှင့် လေယာဉ် ၁၇ စင်း ပံ့ပိုး ပေးခဲ့ရကြောင်း   ပေါ်တူဂီအရပ် သား   ကာကွယ်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

 


ပြီးခဲ့သည့်       ငါးနှစ်အတွင်း အကြီးမားဆုံး         မီးလောင်မှု ၁၀    ခုအနက်  ထက်ဝက်သည် ယခုနှစ်တွင်        ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပေါ်တူဂီသဘာဝနှင့် သစ်တောများ       ထိန်းသိမ်းရေး ဆိုင်ရာအဖွဲ့က      ပြောသည်။ ပေါ်တူဂီနိုင်ငံသည် ပြင်းထန်သောအပူလှိုင်းဖြတ်မှုနှင့် အလွန်အမင်း မိုးခေါင်မှုကို  ကြုံတွေ့ခံစားရပြီး ၎င်းက  နိုင်ငံအနှံ့ရှိ  ဒေသအများ အပြားတွင် မီးလောင်မှုကို ဖြစ်ပွား စေကြောင်း သိရသည်။        

                                 
ဆင်ဟွာ