မူဆယ်(၁၀၅)မိုင် ခုတင် ၁၀၀၀ ကိုဗစ်ကုသရေးစင်တာသို့ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့လာရောက်လေ့လာ 

 

မူဆယ်   သြဂုတ်  ၁၆ 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့   နိုင်ငံရေးအတိုင်ပင်ခံ  ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ Zhaung Maio Yin ဦးဆောင် သည့်   ကိုယ်စားလှယ်အဖွဲ့ဝင်    ၁၆     ဦး တို့သည်   မူဆယ်(၁၀၅)မိုင်တွင် ဖွင့်လှစ် ထားသော ခုတင်(၁၀၀၀) ကိုဗစ်ကုသရေး စင်တာသို့ ဩဂုတ် ၁၅ ရက်က လာရောက် လေ့လာကြရာ     မူဆယ်ခရိုင်    လူဝင်မှု ကြီးကြပ်ရေးနှင့်       ပြည်သူ့အင်အား ဆိုင်ရာဌာနမှူး   ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ ခရိုင်စီမံခန့်ခွဲမူအုပ်ချုပ်ရေးအဖွဲ့နှင့်  ဌာနဆိုင်ရာများက  ကြိုဆိုခဲ့ကြ သည်။

 


အဆိုပါအဖွဲ့အား  မူဆယ်ကျန်းမာရေး ဌာနမှ   ကိုဗစ်- ၁၉  ရောဂါပိုး  ရှိ/မရှိ စစ်ဆေးခဲ့ပြီနောက်       တရုတ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည်   မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင်   ကိုဗစ်ရောဂါနှင့် ပတ်သက်သည့်    ဓာတ်ခွဲနမူနာစစ်ဆေး သည့်   ဓာတ်ခွဲခန်းကို  ကြည့်ရှုလေ့လာ သည်။

 


ယင်းနောက်     ယနေ့နံနက်တွင် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ     ခရိုင်စီမံ အုပ်ချုပ်မှုအဖွဲ့    အဖွဲ့ဝင်   ဗိုလ်မှူးကြီး ဟန်ဝင်းဇော်၊ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံညွှန်ကြားရေးမှူး ဗိုလ်မှူးမင်းဇော် နှင့်  အဖွဲ့ဝင်များက   မူဆယ်  (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နယ်မြေအတွင်း ဖွင့်လှစ် ထားသည့် ခုတင်(၁၀၀၀) ကိုဗစ်ကုသရေး စင်တာသို့     သွားရောက်ပြီး      ဆေးရုံ၌ ကျန်းမာရေး     စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များနှင့်     နှစ်နိုင်ငံကုန်သွယ်စီးဆင်းရေး ဆောင်ရွက်မှု          အခြေအနေများကို လှည့်လည်ကြည့်ရှုရာ       ဆေးရုံတာဝန်ခံ ဆရာဝန်   ဒေါက်တာအောင်ရဲကျော်နှင့် အဖွဲ့ဝင်များက     လိုက်လံရှင်းလင်းပြသ ခဲ့ကြောင်း သိရသည်။


သန့်ဇင်(မူဆယ်)