တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေ

 

တာချီလိတ် ဩဂုတ် ၁၃


ရှမ်းပြည်နယ်     အရှေ့ပိုင်း တာချီလိတ်မြို့ပေါ် ရပ်ကွက်များ နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး  မိုးများမှာ ဆက်လက်ရွာသွန်းနေဆဲဖြစ်သောကြောင့် ရေကြီးရေလျှံ မှုမှာလည်း ဆက်လက်မြင့်တက် လျက်ရှိကြောင်း သိရသည်။

 


ဩဂုတ် ၁၁ ရက်ညမှ စတင် ရွာသွန်းသောမိုးကြောင့်  ၁၂ ရက် နံနက် ၇ နာရီမှစတင်၍ ရေကြီး ရေလျှံမှု ဖြစ်ပွားကာ မွန်းတည့် ၁၂ နာရီအအထိ       မိုးဆက်လက် ရွာသွန်းလျက်   ရှိသောကြောင့် ရေလျှံမှုမှာ ဆက်လက်မြင့်တက် လျက်ရှိကြောင်း၊     ပုန်းထွန် ရပ်ကွက်၊      တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင် ရပ်ကွက်၊ ဆန်ဆိုင်း (က)ရပ်ကွက်၊   ဆန်ဆိုင်း (ခ)ရပ်ကွက်၊ မယ်ခေါင် ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် (လားဟူစျေးနှင့် တော်ကော့တွင်း) စသည့် ရပ်ကွက်များ၌ လမ်းပေါ် နှင့် နေအိမ်များအတွင်း   ရေများ စတင်       ဝင်လျက်ရှိကြောင်း၊ မယ်ယန်းကျေးရွာအုပ်စုနှင့် မိုင်းကိုးကျေးရွာအုပ်စုတို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိ ပြီး အရေးပေါ် ကူညီကယ်ဆယ် ရေးအဖွဲ့များ        စေလွှတ်ထား ကြောင်း သိရသည်။

 


အရေးပေါ် ကူညီကယ်ဆယ် ရေးအတွက် နယ်မြေခံတပ်မတော် သားများ၊    အရန်မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကို လူမှု ကူညီရေးအသင်းများနှင့် အတူ နယ်မြေအလိုက် တာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးပြီး     ကူညီ ကယ်ဆယ်ရေး     လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။    

ယာဆေး( ပြန်/ဆက်)