
ပေကျင်း ဩဂုတ် ၁၃
တရုတ်နိုင်ငံ အမျိုးသား မိုးလေ ဝသဌာနသည် နိုင်ငံဒေသအနှံ့ အပြားတွင် ပြင်းထန်သော အပူ လှိုင်းဖြတ်မှုနှင့် ကြုံတွေ့နေရသည့် အတွက် အပူချိန်မြင့်မားမှု သတိပေးချက် အနီရောင် အဆင့်ကို ဩဂုတ် ၁၃ ရက် တွင် ဆက်လက်ထုတ်ပြန်လိုက် ကြောင်း သိရသည်။
အဆိုပါ အပူချိန်သတိပေးချက် အနီရောင်အဆင့်သည် တရုတ် နိုင်ငံ၌ မိုးလေဝသသတိပေးချက် စနစ်အတွက် အရောင်ဖြင့် ခွဲခြား သတ်မှတ်သည့် အဆင့်လေးဆင့် ရှိသည့်အနက် အပြင်းထန်ဆုံး သတိပေးချက်အဆင့်ကို ကိုယ်စား ပြုကြောင်း သိရသည်။ ဩဂုတ် ၁၃ ရက် နေ့အပူချိန်များသည် ရှီအန်းရှီ၊ စီချွမ်း၊ ချုံကင်း၊ ဟီနန်၊ ဟူဘေး၊ ရှန်ဒုံ၊ အန်ဟွေး၊ ကျန်းစု၊ ရှန်ဟိုင်း၊ ရှီကျန်း၊ ဖူကျန်း၊ ကျန်း ရှီး၊ ဟူနန်၊ ကွေကျို့၊ ရှီကျင်းနှင့် အတွင်းမွန်ဂိုလီးယား စသည့် ဒေသများတွင် အပူချိန်သည် ၃၅ ဒီဂရီဆဲလ်စီးရပ်စ်မှ ၃၉ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ရောက်ရှိနိုင် ကြောင်း အဆိုပါဌာနက ခန့်မှန်း ထားသည်။
ထို့အပြင် ရှီအန်းရှီ၊ စီချွမ်း၊ ချုံကင်း၊ ဟူဘေး၊ ဟူနန်၊ ကျန်းရှီး၊ အန်ဟွေး၊ ကျန်းစု၊ ရှန်ဟိုင်းနှင့် ရှီကျန်း စသည့်ဒေသများတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးရပ်စ် သို့မဟုတ် ၄၂ ဒီဂရီဆဲလ်စီးရပ်စ် ထက်ပင် ကျော်လွန်နိုင်ဖွယ် ရှိကြောင်း သိရသည်။
ဆင်ဟွာ