ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းဆိုတဲ့ အမှန်တရားနဲ့ ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်းထောက်ပံ့ပေးသင့်တဲ့ တရုတ်အစိုးရရဲ့နိုင်ငံတော်ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းမှု

 

ထက်မြတ်

 

ထိုင်ဝမ်ကျွန်းဆိုတာ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း အရှေ့ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့ဆုံရာနေရာမှာရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ သူ့ကို အရင်တုန်း က ဖော်မိုဆာကျွန်းဆိုပြီး ခေါ်ခဲ့ပါသေးတယ်။

 


ဖော်မိုဆာကျွန်းဆိုတာ   ကျွန်တော် တို့မြန်မာတွေနားနဲ့     အစိမ်းသက်သက် မဟုတ်ပါဘူး။  မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်တုန်းက       ရဲဘော်သုံးကျိပ်ဟာ အဲဒီအချိန်တုန်းက   ဂျပန်လက်အောက်မှာ ရှိတဲ့ ဖော်မိုဆာကျွန်းကိုသွားပြီး စစ်ပညာ သင်ယူလေ့ကျင့်ခဲ့တဲ့          နေရာလည်း ဖြစ်ပါတယ်။

 


ယနေ့အချိန်မှာတော့ ထိုင်ဝမ်ကျွန်း ဟာ    အင်အားကြီးထွားလာတဲ့   တရုတ် နိုင်ငံကို      ထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့ အနောက်အုပ်စုရဲ့     ကြားခံစစ်တလင်း အဖြစ်ကို    မသိမသာရောက်ရှိလာပါပြီ။ ဘာကြောင့်ပါလဲ။
ထိုင်ဝမ်ကျွန်းဆိုတာ  တရုတ်နိုင်ငံရဲ့ ဖဲ့ထုတ်မရနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ် ကြောင်း  တရုတ်နိုင်ငံကအခိုင်အမာပြော ထားသလို ထိုင်ဝမ်ကျွန်းကလည်း သူတို့ ဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်ကြောင်း နိုင်ငံ တကာရဲ့ အသိအမှတ်ပြုမှုကို ရယူနိုင် ရေးကြိုးပမ်းပြီး  တရုတ်ပြည်မကြီးကနေ ခွဲထွက်လိုနေတဲ့အတွက် ဖြစ်ပါတယ်။

 


ဒီအချိန်မှာ    နိုင်ငံတော်စည်းလုံး ညီညွတ်မှုပြိုကွဲရင်   ပြန်လည်ပေါင်းစည်း ရေးလုပ်ပေးမယ့်အစား   သူတို့ရဲ့အကျိုး စီးပွားအတွက်  အသုံးချဖို့   အသင့်စောင့် နေကြတဲ့ အနောက်အုပ်စုမှ  အင်အားကြီး နိုင်ငံများကလည်း       အဆင်သင့်ပါပဲ။ နွားကွဲရင်  ကျားဆွဲမယ်ဆိုတဲ့    စကားပုံ အတိုင်းပေါ့။

 


ဒါကြောင့်   တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်ပုစ္ဆာကိုဖြေရှင်းပြီး   အပြည့်အဝ ပြန်လည်ပေါင်းစည်းရေးကို   ယနေ့အချိန် အထိတိုင်   တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။
ဒီအတွက်လည်း      တရုတ်အစိုးရ အဆက်ဆက်က   ထိုင်ဝမ်ကျွန်းအရေးနဲ့ ပတ်သက်ပြီး   စက္ကူဖြူစာတမ်းလို့ခေါ်တဲ့ မူဝါဒ    သဘောထားစာတမ်းသုံးစောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

 


ပထမအကြိမ်က    ၁၉၉၃    ခုနှစ် ဩဂုတ်လမှာဖြစ်ပြီး   ဒုတိယအကြိမ်က ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ   ဖြစ်ပါ တယ်။ အခု နောက်ဆုံးတတိယအကြိမ် ကိုတော့ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ကျွန်တော့်အနေနဲ့   အခုနောက်ဆုံး ထုတ်ပြန်တဲ့   တရုတ်အစိုးရရဲ့    ထိုင်ဝမ် ကျွန်းအရေး      စက္ကူဖြူစာတမ်းမှာ ဘာတွေ  ဖော်ပြထားတယ်။    ဘယ်လို သဘောတရားတွေ ပါဝင်တယ်ဆိုတာကို အကျဉ်းချုပ်     သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။
အခုစာတမ်းရဲ့    ခေါင်းစဉ်ကိုတော့ ခေတ်သစ်ကာလထိုင်ဝမ်ပုစ္ဆာနဲ့ တရုတ် နိုင်ငံရဲ့     ပြန်လည်ပေါင်းစည်းရေးလို့ အမည်ပေးထားပြီး      တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   နိုင်ငံတော်ကောင်စီထိုင်ဝမ် ရေးရာရုံးနဲ့  နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးတို့က     ထုတ်ပြန်ထားတာပါ။ ဒီစာတမ်းမှာ     နိဒါန်း၊    အခန်း ငါးခန်းနဲ့ နိဂုံးဆိုပြီး  ပါဝင်ပါတယ်။

 


အခန်းငါးခန်းရဲ့    ခေါင်းစဉ်တွေကို ပြောရရင်    (၁) ထိုင်ဝမ်က တရုတ်နိုင်ငံ ရဲ့တစ်စိတ်တစ်ပိုင်းဆိုတာ   မငြင်းနိုင်တဲ့ အမှန်တရား၊ (၂) တရုတ်နိုင်ငံရဲ့အပြည့် အဝ  ပြန်လည်ပေါင်းစည်းရေးကို သိရှိစေ ဖို့ CPC ရဲ့ ခိုင်မာတဲ့ကြိုးပမ်းအားထုတ်မှု၊ (၃) တရုတ်နိုင်ငံရဲ့အပြည့်အဝပြန်လည် ပေါင်းစည်းရေးဆိုတာ   ဘယ်သူမှရပ်တန့် ခြင်းငှာ မစွမ်းသာတဲ့  လုပ်ငန်းစဉ်တစ်ခု၊ (၄)ခေတ်သစ်ကာလ နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးနဲ့       (၅) ငြိမ်းချမ်းစွာ ပြန်လည်          ပေါင်းစည်းရေးအတွက် လင်းလက်တောက်ပနေတဲ့  အလားအလာ တို့ပဲဖြစ်ပါတယ်။

 


နိဒါန်း


ထိုင်ဝမ်ပုစ္ဆာကိုဖြေရှင်းခြင်းနဲ့ တရုတ် နိုင်ငံရဲ့အပြည့်အဝပြန်လည်ပေါင်းစည်းရေးကို  နားလည်သိရှိခြင်းဆိုတာ တရုတ် နိုင်ငံတော်ကြီးရှိ   သားသမီးများအားလုံးရဲ့ တူညီပြင်းပြတဲ့  ရည်မှန်းချက်ဆန္ဒဖြစ်ပါ တယ်။   ဒါဟာ   တရုတ်နိုင်ငံရဲ့ သွေးသစ် လောင်းမှုကို နားလည်သဘောပေါက်သိရှိ စေရေးအတွက်   မရှိမဖြစ်လည်း   ဖြစ်ပါ တယ်။  ဒါ့အပြင်  တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ သမိုင်းပေးတာဝန်ကြီးတစ်ရပ် လည်းဖြစ်သလို ဒီရည်မှန်းချက်ကို ရရှိ အောင်မြင်စေရေးအတွက် CPC ၊  တရုတ် အစိုးရနဲ့   တရုတ်ပြည်သူများအားလုံးက ဆယ်စုနှစ်ပေါင်းများစွာကြာ   အားသွန် ခွန်စိုက်  ကြိုးပမ်းလျက်ရှိပါတယ်ဆိုပြီး စက္ကူဖြူစာတမ်းရဲ့နိဒါန်းအနေနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်။

 


၂၀၁၂ ခုနှစ်မှာကျင်းပတဲ့ (၁၈) ကြိမ် မြောက် အမျိုးသားညီလာခံက  တရုတ်မူ တရုတ်ဟန်ဖြင့်       ဆိုရှယ်လစ်စနစ်ကို ထူထောင်ရာမှာ   ခေတ်သစ်ကာလတစ်ခု ကို  ရောက်ရှိပြီဖြစ်ကြောင်း   ထုတ်ပြန် ကြေညာခဲ့ပါတယ်။    ရှီကျင့်ဖျင်ကိုမဏ္ဍိုင် ပြုကာ      တရုတ်ကွန်မြူနစ်ပါတီ    ဗဟို ကော်မတီရဲ့    ခိုင်မာတဲ့ခေါင်းဆောင်မှု အောက်မှာ   CPC နဲ့ တရုတ်အစိုးရတို့က ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး    တီထွင် ဆန်းသစ်တဲ့    နည်းလမ်းအသစ်တွေကို ဖော်ထုတ်ခဲ့ပါတယ်။  သူတို့က ရေလက် ကြားဖြတ်ကျော်ဆက်ဆံရေး၊    ထိုင်ဝမ် ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေး နဲ့  တည်ငြိမ်ရေးကို    ထိန်းသိမ်းနိုင်ရေး၊ နိုင်ငံတော်  ပြန်လည်ပေါင်းစည်းရေးဆီသို့ တိုးမြှင့်ရေးတို့အတွက်   လျှောက်ရမယ့် လမ်းကြောင်းကိုလည်း     ဆက်လက် ရေးဆွဲခဲ့ပါတယ်။

 


ဒါပေမယ့် မကြာသေးမီနှစ်များအတွင်း က   ဒီမိုကရက်တစ်တိုးတက်သော  ပါတီ (DPP) ဦးဆောင်တဲ့ ထိုင်ဝမ်တာဝန်ရှိသူ များဟာ   နိုင်ငံကို     နှစ်ခြမ်းကွဲစေရေး အတွက် ပိုမိုအားစိုက်လုပ်ဆောင်လာတဲ့အပြင်  တချို့သော  ပြင်ပအင်အားစုများက လည်း တရုတ်နိုင်ငံကိုထိန်းချုပ်နိုင်ရေးအတွက် ထိုင်ဝမ်ကိုအသုံးချဖို့ ကြိုးပမ်း လာကာ  တရုတ်နိုင်ငံအနေနဲ့ အပြည့်အဝ ပြန်လည်ပေါင်းစည်းရေးကို   မရရှိစေဖို့ ဟန့်တားပြီး နိုင်ငံတော်သွေးသစ်လောင်း မှုလုပ်ငန်းစဉ်ကိုလည်း ရပ်ဆိုင်းစေခဲ့ပြန် ပါတယ်။
တရုတ်အစိုးရအနေနဲ့  ထိုင်ဝမ်အရေး နဲ့ပတ်သက်ပြီး စက္ကူဖြူစာတမ်းနှစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ အဲဒီနှစ်စောင်စလုံး က   ထိုင်ဝမ်ပုစ္ဆာကိုဖြေရှင်းမှုနဲ့ပတ်သက် ပြီး   အခြေခံသဘောတရားတွေ၊   မူဝါဒ တွေကို          ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ်ကျကျ  ဖော်ပြခဲ့ပါတယ်။

 


အခုထုတ်ပြန်တဲ့    စာတမ်းကတော့ ထိုင်ဝမ်ကျွန်းဆိုတာ     တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း      ဖြစ်ကြောင်းကို ထပ်လောင်းပြောဆိုဖို့၊   CPC နဲ့   တရုတ် ပြည်သူများက      နိုင်ငံတော်ပြန်လည် ပေါင်းစည်းရေးအတွက်     သူတို့ပေးထား တဲ့ ကတိအပေါ် ဖြေရှင်းမှုကိုဖော်ညွှန်းဖို့နဲ့ ခေတ်သစ်ကာလမှာ   CPC နဲ့   တရုတ် အစိုးရတို့ရဲ့ ရပ်တည်ချက်နဲ့မူဝါဒများကို အလေးပေး  ပြောဆိုဖို့အတွက်    ဖြစ်ပါ တယ်။

 


ထိုင်ဝမ်က  တရုတ်နိုင်ငံရဲ့ တစ်စိတ် 
တစ်ပိုင်းဆိုတာ မငြင်းနိုင်တဲ့အမှန်တရား


ထိုင်ဝမ်ကျွန်းဆိုတာ        ရှေးတုန်း ကတည်းက  တရုတ်နိုင်ငံပိုင်    နယ်နိမိတ် ဖြစ်ပါတယ်။   ဒီအကြောင်းကို    ပြောရ မယ်ဆိုရင်    သမိုင်းကြောင်းနဲ့      ဥပဒေ နည်းလမ်းတို့အရ ပြောရပါလိမ့်မယ်။

 


ဆွေမင်းဆက်တုန်းက တော်ဝင်ခုံရုံး ဟာ   အဲဒီအချိန်တုန်းက   လူချူလို့ခေါ်တဲ့ ယနေ့ထိုင်ဝမ်ကျွန်းကို    စစ်သည်တွေ စေလွှတ်ခဲ့ပါတယ်။     ဆုန်မင်းဆက်နဲ့ ယွမ်မင်းဆက်တို့ခေတ်မှာတော့  တရုတ် အင်ပါယာအစိုးရများက ဖန်းဟူနဲ့ထိုင်ဝမ် ကျွန်းတို့မှာ   တရားစီရင်ရေးကိုကျင့်သုံးနိုင်ရေးအတွက်     အုပ်ချုပ်ရေးအဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။

 


၁၆၂၄ ခုနှစ်မှာ  ဒတ်(ချ်)လူမျိုးများက ထိုင်ဝမ်ကျွန်းတောင်ပိုင်းကို ကျူးကျော် သိမ်းပိုက်ခဲ့ပေမယ့်    ၁၆၆၂    ခုနှစ်မှာ ဗိုလ်ချုပ်ကြီး          ကျန်းချန်းကောင်းက သူရဲကောင်းတစ်ယောက်အနေနဲ့ နယ်ချဲ့ တွေကို   တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ၁၆၈၄  ခုနှစ်မှာ  ထိုင်ဝမ်ကျွန်းဟာ ဖူကျန်းပြည်နယ်    လက်အောက်မှာရှိတဲ့ စီရင်စုတစ်ခုသာဖြစ်ခဲ့ပေမယ့် ၁၈၈၅ ခုနှစ် မှာတော့  တရုတ်နိုင်ငံရဲ့ အခု ၂၀ မြောက် ပြည်နယ်အဖြစ်ကို တိုးမြှင့်ခြင်းခံခဲ့ရပါတယ်။

 


၁၈၉၄ ခုနှစ်မှာ   ဂျပန်တို့က   တရုတ် နိုင်ငံကို  ကျူးကျော်တိုက်ခိုက်ပြီး   ၁၈၉၅ ခုနှစ်မှာ စစ်ရှုံးတဲ့ ချင်မင်းဆက်က ဖန်းဟူ နဲ့   ထိုင်ဝမ်ကျွန်းတို့ကို   ဂျပန်တို့လက် အပ်လိုက်ရပါတယ်။ ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာတော့   တရုတ်၊   အမေရိကန်နဲ့ ဗြိတိန်တို့က     သုံးနိုင်ငံမဟာမိတ်ဖွဲ့ပြီး တရုတ်နိုင်ငံဆီကနေ ဂျပန်တို့  ခိုးယူထား တဲ့   နယ်မြေများအားလုံး    ပြန်လည် သိမ်းပိုက်ဖို့အတွက်ရည်ရွယ်ကာ   ကိုင်ရို ကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။

 


၁၉၄၅ ခုနှစ်     စက်တင်ဘာလမှာ ဂျပန်ကစစ်ရှုံးကြောင်း ကြေညာချက်ကို လက်မှတ်ထိုးပြီး   တစ်ဆက်တည်းမှာပဲ မဟာမိတ်သုံးနိုင်ငံနဲ့          ဆိုဗီယက် ပြည်ထောင်စုတို့  သဘောတူအတည်ပြု ထားတဲ့ ကြေညာချက်တွေကို အပြည့်အဝ လိုက်နာ    သွားမယ်လို့ကတိပေးတာ ကြောင့်   အောက်တိုဘာ ၂၅ ရက်မှာ တရုတ်အစိုးရက   ထိုင်ဝမ်ကျွန်းအပေါ် အုပ်ချုပ်ရေးအာဏာကို     ပြန်လည် ကျင့်သုံးနိုင်ခဲ့ပါတယ်။

 


ဒါကြောင့်    သဘောသဘာဝအရ ပြောရမယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဟာ     ထိုင်ဝမ်ကျွန်းအပါအဝင် တရုတ်တစ်နိုင်ငံလုံးရဲ့       အချုပ်အခြာ အာဏာကို   အပြည့်အဝကျင့်သုံးပိုင်ခွင့် ရှိပါတယ်။

 


၁၉၄၀    ပြည့်နှစ်  အလွန်ကာလမှာ တရုတ်ပြည်တွင်းစစ်ဖြစ်ပွားမှုနဲ့   ပြင်ပ အင်အားစုတွေရဲ့  ကြားဝင်စွက်ဖက်မှု ကြောင့် ထိုင်ဝမ်ရေလက်ကြားရဲ့ဟိုဘက်၊ ဒီဘက်မှာရှိတဲ့နှစ်ဖက်စလုံးက ရေရှည် နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုဆိုတဲ့ အခြေ  အနေတစ်ခုဆီကို ကျဆင်းသွားရပါတယ်။ ဒါပေမယ့်လည်း    တရုတ်နိုင်ငံရဲ့ အချုပ် အခြာအာဏာနဲ့  ပိုင်နက်နယ်မြေကတော့ ဘယ်တုန်းကမှ  ခွဲထွက်သွားရတာမရှိ သလို ခွဲထွက်လာမှုကိုလည်း ဘယ်တော့မှခွင့်ပြုသွားမှာမဟုတ်ပါဘူး။

 


၁၉၇၁ ခုနှစ်မှာကျင်းပတဲ့ (၂၆) ကြိမ် မြောက်   ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ်  ၂၇၅၈ မှာဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိုးရကို သာ  ကုလသမဂ္ဂမှာကိုယ်စားလှယ်ထားခွင့်ပေးပြီး ချန်ကေရှိတ်တို့ရဲ့ကိုယ်စား လှယ်အဖွဲ့ကိုတော့   ကုလသမဂ္ဂကနေ နှင်ထုတ်ကြောင်း    ဖော်ပြထားပါတယ်။ ဒါ့အပြင်    ထိုင်ဝမ်ကျွန်းပါဝင်တဲ့  တရုတ် နိုင်ငံသည်     တစ်နိုင်ငံတည်းသာရှိပြီး တရုတ်နိုင်ငံ       နှစ်နိုင်ငံမရှိကြောင်း၊ ဒါမှမဟုတ် တရုတ်တစ်နိုင်ငံ၊   ထိုင်ဝမ် တစ်နိုင်ငံဟူ၍     မရှိကြောင်းကိုလည်း အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ် ပါတယ်။      ဒါတင်မကသေးပါဘူး။ ကုလသမဂ္ဂက ထိုင်ဝမ်ကိုလည်း တရုတ် နိုင်ငံရဲ့      ပြည်နယ်တစ်ခုအဖြစ်နဲ့သာ သတ်မှတ်ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

 


ဒါကြောင့်  တရုတ်တစ်နိုင်ငံတည်း ဆိုတဲ့       အခြေခံသဘောတရားဟာ တစ်ကမ္ဘာလုံး   အတိုင်းအတာအနေနဲ့ လက်ခံထားတဲ့    အမှန်တရားဖြစ်ပြီး ဒီကနေ့အချိန်အထိ အဲဒီအခြေခံသဘော တရားကိုလက်ခံကာ     တရုတ်နိုင်ငံနဲ့ တရားဝင်သံတမန် ဆက်ဆံရေးထူထောင် ထားတဲ့နိုင်ငံစုစုပေါင်းက   အမေရိကန် အပါအဝင် ၁၈၁ နိုင်ငံရှိပါတယ်။  ၁၉၇၈ ခုနှစ်     ဒီဇင်ဘာလမှာထုတ်ပြန်တဲ့ တရုတ်-အမေရိကန်တရားဝင်သံတမန်ဆက်ဆံရေးထူထောင်မှု ပူးတွဲသဘောတူ ကြေညာချက်မှာဆိုရင်လည်း   “တရုတ် နိုင်ငံဆိုတာ   တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်ဆိုတာ   တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့      အချက်ကို အမေရိကန်ပြည်ထောင်စု        အစိုးရက အသိအမှတ်ပြုကြောင်းနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏အစိုးရကိုသာ တရုတ်နိုင်ငံ ၏ တစ်ခုတည်းသော   တရားဝင်အစိုးရ အဖြစ်  သတ်မှတ်ကြောင်း”       ဖော်ပြထား ပါသေးတယ်။
တရုတ်နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊    ခွဲထွက်ခွင့်တားမြစ်ဥပဒေ၊ အမျိုးသား လုံခြုံရေးဥပဒေတို့မှာလည်း ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ လက်အောက်မှာသာရှိကြောင်း   ဖော်ပြ ထားပါတယ်။

 


ဒီအတွက်ကြောင့်    သမိုင်းကြောင်း အရပဲပြောမလား၊   တရားဥပဒေအရပဲ ဆိုမလား ထိုင်ဝမ်ကျွန်းဆိုတာ တရုတ် နိုင်ငံရဲ့   တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကတော့  မငြင်းနိုင်တဲ့အမှန်တရားပဲ ဖြစ်ပါတယ်။    ထိုင်ဝမ်ကျွန်းဆိုတာ ဘယ်တုန်းကမှ  နိုင်ငံတစ်နိုင်ငံ  မဖြစ်ခဲ့ သလို  တရုတ်နိုင်ငံရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း ပြောင်းလဲ နိုင်မှာ  မဟုတ်ပါဘူး။    တကယ်လို့များ ဒီအမှန်တရားကို ပုံပျက်အောင်လုပ်မယ် ဒါမှမဟုတ် တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ အခြေခံ သဘောတရားကို ငြင်းပယ်မယ် ဆိုရင်   အဲဒီလိုလုပ်ဖို့    ကြိုးစားမှုတွေ အားလုံးဟာ  နောက်ဆုံးမှာအရှုံးနဲ့သာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

 


တရုတ်နိုင်ငံရဲ့  အပြည့်အဝ   
ပြန်လည်ပေါင်းစည်းရေးကို သိရှိစေဖို့   
CPC  ရဲ့ ခိုင်မာတဲ့ကြိုးပမ်းအားထုတ်မှု


တရုတ်ကွန်မြူနစ်ပါတီက    တရုတ် ပြည်သူလူထုတစ်ရပ်လုံး ကောင်းစားရေး နဲ့ နိုင်ငံတော်ကို သွေးသစ်လောင်းရေး  အတွက်အမြဲတမ်းကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီစတင် တည်ထောင်ပြီးတဲ့  ၁၉၂၁  ခုနှစ်ကစပြီး CPC ဟာ ထိုင်ဝမ်ကျွန်းကို နယ်ချဲ့ကိုလိုနီ လက်အောက်က         လွတ်မြောက်ရေး၊ ထိုင်ဝမ်ကျွန်းကို        တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးနဲ့       ထိုင်ဝမ်  ကျွန်းရှိ     တစ်နယ်တည်းသားများ   အပါ  အဝင် တစ်နိုင်ငံလုံး  သူ့ကျွန်ဘဝကနေ  လွတ်မြောက်စေဖို့အတွက်   ရည်မှန်းပြီး အားတက်သရော  ကြိုးပမ်းဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ 

 


တရုတ်ပြည်သူ့သမ္မတ      နိုင်ငံကို ထူထောင်တဲ့   ၁၉၄၉   ခုနှစ်ပြီးနောက် မော်စီတုန်း     ဦးဆောင်တဲ့   တရုတ် ကွန်မြူနစ်ပါတီဟာ        ထိုင်ဝမ်ပုစ္ဆာကို ငြိမ်းချမ်းစွာ    ဖြေရှင်းနိုင်ရေးအတွက်  အရေးကြီးတဲ့ လမ်းညွှန်ချက်တွေ အဆိုပြု ခြင်း၊ အခြေခံသဘောတရားတွေ ချမှတ် ခြင်း၊    အခြေခံမူဝါဒ   ချမှတ်ခြင်းတို့ကို  လုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ထိုင်ဝမ်တာဝန်ရှိသူတွေက          တရုတ် ပြည်မကြီးကို တိုက်ခိုက်မယ့် အစီအစဉ် ကို ရှောင်လွှဲနိုင်ခဲ့သလို တရုတ်နှစ်နိုင်ငံ ဒါမှမဟုတ် တရုတ်တစ်နိုင်ငံနဲ့    ထိုင်ဝမ် တစ်နိုင်ငံ    ဖြစ်လာစေရေး  ကြိုးပမ်းချက် များကို ဟန့်တားနိုင်ခဲ့ပါတယ်။     အကျိုး ရလဒ်အနေနဲ့ကတော့      ကုလသမဂ္ဂ မှာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုသာ တရားဝင်အသိအမှတ်ပြု   နေရာပေးပြီး    တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ အခြေခံ သဘောတရားကိုလည်း   အင်အားကြီး နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအများစု က အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

 


၁၉၇၈ ခုနှစ် တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ကြား သံတမန်ဆက်ဆံ ရေး   တရားဝင်      ထူထောင်ပြီးနောက်  တိန့်ရှောင်ဖိန်ဦးဆောင်တဲ့         တရုတ် ကွန်မြူနစ်ပါတီဟာ     ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး    ငြိမ်းချမ်းစွာ   ပြန်လည်  ပေါင်းစည်းရေးအတွက် အခြေခံလမ်းညွှန်  ချက်ကိုချမှတ်ကာ အဲဒီအချိန်တုန်းက  ဆန်းသစ်မှုရှိတဲ့ စိတ်ကူးတစ်ခုကိုလည်း  ထုတ်ဖော်       မိတ်ဆက်ခဲ့ပါသေးတယ်။ အဲဒီစိတ်ကူးကတော့ တစ်နိုင်ငံ အုပ်ချုပ်မှု စနစ်နှစ်မျိုး   ဖြစ်ပါတယ်။  အဲဒီစိတ်ကူး အတိုင်းပဲ   ဟောင်ကောင်နဲ့    မကာအို အရေးကိစ္စတွေကို အောင်မြင်စွာဖြေရှင်း နိုင်ခဲ့ပါတယ်။    ပြီးတဲ့နောက်    ထိုင်ဝမ် ရေလက်ကြားမှာ စစ်ရေးအရထိပ်တိုက် တွေ့ဆုံမှုကို      လျှော့ချနိုင်ရေးအတွက် ထိုင်ဝမ်နဲ့   ဆက်သွယ်မှု  ပြန်ယူခြင်း၊ ပြည်သူအချင်းချင်း ကူးလူးဖလှယ်ကာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေလက်ကြား  ဖြတ်ကျော်ဆက်ဆံရေးအတွက် အခန်း ကဏ္ဍအသစ်ကို            ဖွင့်လှစ်ခြင်းတို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

 


၁၉၈၉ ခုနှစ် ကျန်ဇီမင်းဦးဆောင်တဲ့  တရုတ်ပြည်သူ့   ကွန်မြူနစ်ပါတီဗဟို ကော်မတီက ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးတိုးတက်စေရေးနဲ့ တရုတ် နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်း ရေးတို့အတွက် အဆိုပြုချက်ရှစ်ချက်ကို  တင်သွင်းခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် အဖွဲ့မှ         အရပ်ဘက်    အဖွဲ့အစည်း  ခေါင်းဆောင်များအကြား      ဆွေးနွေး  ညှိနှိုင်းတိုင်ပင်   ပူးပေါင်းဆောင်ရွက်မှု တွေရှိလာတာကို       တွေ့ရပါတယ်။ ဒါပေမယ့်    လီတန်းဟွေ   ဦးဆောင်တဲ့ ထိုင်ဝမ်ကျွန်း  လွတ်လပ်ရေးလှုပ်ရှားမှုကို တော့ ထိရောက်စွာတုံ့ပြန်ခဲ့ပါတယ်။

 


အလားတူ ဟူကျင်းတောင်လက်ထက်  တရုတ်ကွန်မြူနစ်ပါတီက ရေလက်ကြား ဖြတ်ကျော်ဆက်ဆံရေး  ငြိမ်းချမ်းစွာ တိုးတက်မှုရဲ့ အရေးကြီးပုံကို ထောက်ပြ ခဲ့ပါတယ်။ ဒီအတွက် CPC နဲ့ ကူမင်တန် ပါတီတို့ကြားက ထိပ်ပိုင်းခေါင်းဆောင်  တွေဟာ    ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမဆုံးအနေနဲ့  တွေ့ဆုံဆွေးနွေးမှု တွေကိုလည်း      လုပ်ဆောင်နိုင်ခဲ့သလို  လွတ်လပ်ရေးအတွက်   ဥပဒေကြောင်း အရ  လုပ်ဇာတ်ခင်းတဲ့    ချန်ရွှေဗျန်းရဲ့လုပ်ဆောင်ချက်ကိုလည်း တားမြစ်နိုင် ခဲ့ပါတယ်။
လက်ရှိသမ္မတရှီကျင့်ဖျင်လက်ထက် မှာတော့       တရုတ်ကွန်မြူနစ်ပါတီက တစ်နိုင်ငံ   အုပ်ချုပ်မှုစနစ်နှစ်မျိုး   မူဝါဒ ကို   ဆက်လက်စွဲကိုင်ကာ  နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေးအတွက် တစိုက်  မတ်မတ်       ဆက်လက်ဆောင်ရွက်ခဲ့ပါ တယ်။          ဒီလိုဆောင်ရွက်မှုအနေနဲ့ ရေလက်ကြားဖြတ်ကျော်  ဆက်ဆံရေး ခိုင်မာစေဖို့နဲ့ တရုတ်နိုင်ငံရဲ့ငြိမ်းချမ်းစွာ ပြန်လည်     ပေါင်းစည်းရေးတို့အတွက် လမ်းကြောင်းခင်းနိုင်ဖို့          ဆောင်ရွက် ချက်အများအပြားကို   လုပ်ဆောင်ခဲ့ပါ သေးတယ်။   အဲဒီထဲမှာ   ထိုင်ဝမ်ကျွန်း အပေါ်    တရုတ်ပြည်မကြီးရဲ့   များပြား လှစွာသောကူညီပေးမှုတွေလည်းပါဝင်ပါတယ်။

 


တရုတ်နိုင်ငံရဲ့အပြည့်အဝ ပြန်လည်
ပေါင်းစည်းရေးဆိုတာ ဘယ်သူမှ
ရပ်တန့်ခြင်းငှာမစွမ်းသာတဲ့ 
လုပ်ငန်းစဉ်တစ်ခု


တရုတ်ပြည်တွင်းရေး အခြေအနေနဲ့  နိုင်ငံတကာအခြေအနေများ    ပြောင်းလဲ မှုက      တရုတ်အစိုးရရဲ့     အပြည့်အဝ ပြန်လည် ပေါင်းစည်းရေးလမ်းကြောင်း အပေါ် ကြီးစွာသော ခြိမ်းခြောက်မှုများ ကျရောက်လာစေပါတယ်။ ဒါပေမယ့် CPC  နဲ့ တရုတ်အစိုးရတို့က ဒီလိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကိုကျော်လွှားဖို့ ယုံကြည် ချက်နဲ့  ခွန်အားရှိတဲ့အပြင်  နိုင်ငံတော် ပြန်လည်       ပေါင်းစည်းရေးအတွက် လမ်းကြောင်းအပေါ်ကိုလည်း ရှေ့ဆက် လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။
ဒီလို   လျှောက်လှမ်းသွားဖို့အတွက် ရာမှာလည်း  အကြောင်းအရာ လေးရပ် ကို ချမှတ်ထားပါသေးတယ်။ အဲဒါတွေ ကတော့ နိုင်ငံတော်ကိုသွေးသစ်လောင်း ခြင်းအတွက်     အပြည့်အဝ    ပြန်လည် ပေါင်းစည်းရေးက အရေးကြီးတယ်ဆိုတဲ့ အကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး က ရေလက်ကြားဖြတ်ကျော်  ဆက်ဆံ ရေးအတွက် ဦးတည်ချက်ကို သတ်မှတ် တယ်ဆိုတဲ့     အကြောင်း၊      ပြန်လည် ပေါင်းစည်းရေးကိုဟန့်တားတဲ့ ခွဲထွက် ရေးအဖွဲ့တွေရဲ့ မည်သည့်ကြိုးပမ်းမှုမဆို ကျရှုံးခြင်းနဲ့သာ အဆုံးသတ်ရမယ်ဆိုတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံရဲ့အပြည့်အဝပြန်လည်ပေါင်းစည်းရေးကို   ကြားဝင် နှောင့်ယှက်တဲ့      ပြင်ပအင်အားစုများ အနေနဲ့  အတိအကျ  ချေမှုန်းခံရမယ် ဆိုတဲ့ အကြောင်းတို့ပဲ ဖြစ်ပါတယ်။

 


အထူးသဖြင့် ပြင်ပအင်အားစုတွေက  တရုတ်နိုင်ငံရဲ့      ဖွံ့ဖြိုးတိုးတက်မှုကို လျော့နည်းစေဖို့အတွက် ထိုင်ဝမ်ကျွန်းကို  ပုစွန်ဆိတ်တစ်ကောင်လို အသုံးချနေပြီး  တရုတ်နိုင်ငံရဲ့     သွေးသစ်လောင်းမှုကို ဟန့်တားနှောင့်ယှက်နေပါတယ်။  သူတို့  တွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ အသက် သွေး  ချွေး၊  အကျိုးစီးပွားနဲ့  အနာဂတ် တို့ကို    လောင်းကြေးထပ်ပြီး    သူတို့ရဲ့ အကျိုးစီးပွားအတွက်သာ     အကောင် အထည်ဖော်နေတာပါ။ ဒါ့အပြင် ပြင်ပ အင်အားစုတွေဟာ  ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုတွေကို မြှောက်ထိုးပင့်ကော် လုပ်ခြင်းကြောင့်     ရေလက်ကြားဖြတ် ကျော်ဆက်ဆံရေးတင်းမာပြီး ထိပ်တိုက် တွေ့ဆုံမှုတွေအထိဖြစ်ကာ    အာရှ-ပစိ ဖိတ်ဒေသအတွင်း      ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို      အားနည်းလာစေပါတယ်။

 


ခေတ်သစ်ကာလ နိုင်ငံတော်
ပြန်လည်ပေါင်းစည်းရေး


နိုင်ငံတော်ပြန်လည်ပေါင်းစည်းရေး ဆိုတဲ့နေရာမှာ  ရာစုနှစ်တစ်ခုအတွင်း ဘယ်တုန်းကမှ     မမြင်ခဲ့ဖူးတဲ့အတိုင်း အတာနဲ့ တစ်ကမ္ဘာလုံးပြောင်းလဲနေတာ ကြောင့် နိုင်ငံတော် သွေးသစ်လောင်းမှု အတွက်   ရည်မှန်းချက်ကို   ထည့်သွင်း စဉ်းစားရာမှာ CPC နဲ့တရုတ်အစိုးရတို့က ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး   CPC  ရဲ့ အခြေခံလမ်းညွှန်ချက်တွေကို  လိုက်နာ ကာ အခြေခံသဘောတရားများနဲ့ မူဝါဒ များကို  အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။   ဒါ့အပြင်   ရေလက်ကြား ဖြတ်ကျော်  ငြိမ်းချမ်းစွာ   ဆက်ဆံရေး အတွက် စွမ်းအားကုန်ကြိုးပမ်းဆောင် ရွက်ကာ နှစ်ဖက်စလုံးရဲ့ဖွံ့ဖြိုးတိုးတက် မှုများကို     ပေါင်းစည်းပြီး     နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေးဆီ      ဦးတည် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 


ဒီလိုဦးတည်လုပ်ဆောင်ရာမှာလည်း  အကြောင်းအရာလေးရပ်ကို ချမှတ်ထား ပါသေးတယ်။ အဲဒါတွေကတော့ငြိမ်းချမ်း စွာပြန်လည်ပေါင်းစည်းရေးနဲ့ တစ်နိုင်ငံ၊  အုပ်ချုပ်မှုစနစ်  နှစ်မျိုးအခြေခံသဘော တရားများကို    ဆက်လက်စွဲကိုင်ထား ခြင်း၊ ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်း စွာ   ဆက်ဆံရေးနဲ့    ပေါင်းစည်းဖွံ့ဖြိုး တိုးတက်မှုကို တိုးမြှင့်ခြင်း၊ ခွဲထွက်ရေး ဝါဒနဲ့  ပြင်ပကြားဝင်စွက်ဖက်မှုများကို ချေမှုန်းခြင်း၊ နိုင်ငံတော်ပြန်လည်ပေါင်းစည်းရေးနဲ့     သွေးသစ်လောင်းခြင်း အတွက်   ထိုင်ဝမ်ရှိ  တရုတ်တစ်နိုင်ငံ တည်းသားများနှင့်အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

 


ငြိမ်းချမ်းစွာပြန်လည်
ပေါင်းစည်းရေးအတွက် 
တောက်ပနေတဲ့အလားအလာ


တစ်နိုင်ငံ အုပ်ချုပ်မှုစနစ်နှစ်မျိုးအရ  ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းသွားပြီ ဆိုရင်တော့ နိုင်ငံတော်သွေးသစ်လောင်း မှုနဲ့ နောက်ထပ်  ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိစေဖို့အတွက် အုတ်မြစ်အသစ်များကိုချမှတ်သွားမှာ   ဖြစ်ပါတယ်။    တစ်ချိန် တည်းမှာပဲ ထိုင်ဝမ်ကျွန်းမှာ လူမှုရေးနဲ့ စီးပွားရေး     ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားလှစွာသော အခွင့်အလမ်းကောင်း  များကို          ဖန်တီးပေးသွားမှာဖြစ်ပြီး ထိုင်ဝမ်ရှိ   တရုတ်တစ်နိုင်ငံတည်းသား များအတွက်    လက်တွေ့ကိုင်တွယ်လို့ ရတဲ့ အကျိုးကျေးဇူးများကို ဖော်ဆောင် ပေးသွားမှာဖြစ်ပါတယ်။

 


ဒီလို  ဖော်ဆောင်သွားမယ့်အတွက် လည်း    အကြောင်းအရာ    လေးရပ်ကို သတ်မှတ်ထားပါသေးတယ်။ အဲဒါတွေ ကတော့    ထိုင်ဝမ်ကျွန်းဟာ     ဖွံ့ဖြိုး တိုးတက်မှုအတွက်      ကြီးမားကျယ် ပြောတဲ့   နေရာတစ်ခု      ရှိလာမှာဖြစ် ကြောင်း၊ ထိုင်ဝမ်ကျွန်းရှိ ပြည်သူများရဲ့ အခွင့်အရေးများနဲ့   အကျိုးစီးပွားများ ကို  အပြည့်အဝ  ကာကွယ်ပေးသွားမှာ ဖြစ်ကြောင်း၊     ထိုင်ဝမ်ရေလက်ကြား  တစ်ဖက်တစ်ချက်ဆီမှာ ရှိကြတဲ့သူတွေ အားလုံး နိုင်ငံတော်သွေးသစ်လောင်းမှု ရဲ့    အောင်မြင်မှုကို   မျှဝေသွားမှာဖြစ် ကြောင်း၊     တရုတ်နိုင်ငံ      ပြန်လည် ပေါင်းစည်းရေးက အာရှ-ပစိဖိတ်ဒေသနဲ့ တခြား       ကမ္ဘာ့ဒေသအသီးသီးမှာပါ ငြိမ်းချမ်းမှုနဲ့     ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်းတို့ပဲဖြစ်ပါတယ်။

 


နိဂုံး


နှစ်ပေါင်း ၅၀၀၀ ကျော် ကြာမြင့် နေပြီဖြစ်တဲ့   တရုတ်နိုင်ငံ  သမိုင်းဟာ ခမ်းနားထည်ဝါတဲ့ ယဉ်ကျေးမှုကို ကမ္ဘာ တစ်ဝန်း    ဖြန့်ကြက်ထားနိုင်တဲ့အထိ ပါပဲ။ ဒါပေမယ့် ရာစုနှစ်တစ်ခုကျော်ကြာ  ဆင်းရဲဒုက္ခပေါင်းစုံကို        ခံစားရပြီး နောက် နိုင်ငံတော်ဟာ အရှက်ကွဲခြင်းကို ကျော်လွှားကာ ရှေ့သို့ဆက်လက်လှမ်း ချီနိုင်ခဲ့ပြီး    အကန့်အသတ်မဲ့    ဖွံ့ဖြိုး တိုးတက်မှု အခွင့်အရေးများကို ဖမ်းဆုပ် နိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံ  တော်  သွေးသစ်လောင်းမှုဆီကို ဦးတည်  လျှောက်လှမ်းနေပါပြီ။
သို့သော်   လျှောက်လှမ်းသမျှသော  ခရီးလမ်းတိုင်းက ချောမွေ့တယ်ဆိုတာ  မရှိနိုင်သော်လည်း ထိုင်ဝမ်ရေလက်ကြား  တစ်ဖက်တစ်ချက်ဆီမှာရှိတဲ့     တရုတ် နိုင်ငံသားများက တူညီတဲ့ရည်မှန်းချက် အတွက်   ကာယ၊   ဉာဏခွန်အားတို့ကို  စိုက်ထုတ်ကာ  ထိုင်ဝမ်အရေးမှာ  ပြင်ပ ကြားဝင်စွက်ဖက်မှုကိုလက်မခံဘဲ နိုင်ငံ တော်ကို     နှစ်ခြမ်းကွဲစေမယ့်ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဖျက်ဆီး ပြီး       နိုင်ငံတော်ပြန်လည်ပေါင်းစည်း ရေးနဲ့     သွေးသစ်လောင်းရေးအတွက် ကြီးမားတဲ့အင်အားစုအဖြစ် ပေါင်းစည်း သွားမှာပါ။

 


သုံးသပ်ချက်


အထက်ပါအကြောင်းအရာ အချက် အလက်များကတော့   တရုတ်အစိုးရက ထုတ်ပြန်တဲ့ ထိုင်ဝမ်ကျွန်းအရေးစက္ကူဖြူ  စာတမ်းပါ  အကြောင်းအရာ  တစ်စိတ် တစ်ပိုင်းဖြစ်ပါတယ်။
အဲဒီအကြောင်းအရာတွေကို ဖတ်ရှု လိုက်တဲ့အခါ      ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံရဲ့    ခွဲခြားမရတဲ့     အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း     သမိုင်းနဲ့ ချီပြီး   ပြောသွားတာကို   တွေ့ရပါတယ်။ တကယ်တမ်း      ပြန်ကြည့်ရင်လည်း နိုင်ငံတကာဥပဒေအရဖြစ်စေ၊   တရုတ် ဥပဒေအရဖြစ်စေ၊    ကမ္ဘာ့နိုင်ငံများရဲ့ လက်ခံမှုအရဖြစ်စေ ထိုင်ဝမ်ကျွန်းဆိုတာ တရုတ်နိုင်ငံကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း အထင်အရှားတွေ့ရပါတယ်။

 


နောက်တစ်ခုက တရုတ်နိုင်ငံတော် ပြန်လည်        ပေါင်းစည်းရေးအတွက် တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရ အဆက်ဆက်တို့က   အားသွန်ခွန်စိုက် ကြိုးပမ်းလာတာ  ပကတိအမှန်တရား ဖြစ်နေပါတယ်။ တကယ်တမ်းတရုတ် ပြည်မကြီးအနေနဲ့     ထိုင်ဝမ်လို   ကျွန်း သေးသေးလေးကို        အင်အားသုံးပြီး တက်သိမ်းမယ်ဆိုရင်တောင်မှ သိမ်းနိုင် တဲ့  အနေအထားရှိပါတယ်။  ဒါပေမယ့် ကိုယ့်တစ်ပြည်ထဲသားတွေဆိုတဲ့ စိတ်နဲ့ နိုင်ငံတော်ကြီး     ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရေးကိုသာ       အစဉ်ရှေးရှု လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

 


ဒီလိုရှေးရှုလုပ်ဆောင်မှုကို ဘယ်သူ တစ်ဦးတစ်ယောက်ကမျှ          ကြားဝင် ဟန့်တား       နှောင့်ယှက်ဖျက်ဆီးခြင်း ငှာမစွမ်းသာစေဖို့    ခိုင်မာတဲ့မူဝါဒတွေ ချမှတ်ပြီး အစဉ်တစိုက်အကောင်အထည် ဖော်နေတာကိုလည်း       တွေ့ရပါတယ်။ ခေတ်သစ်ကာလ  နိုင်ငံတော်ပြန်လည်  ပေါင်းစည်းရေးမှာဆိုရင်လည်း တစ်နိုင်ငံ အုပ်ချုပ်မှုစနစ်နှစ်မျိုးဆိုတဲ့  သတ်မှတ် ချက်အောက်မှာ နိုင်ငံတော်ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးနဲ့   နိုင်ငံတော် သွေးသစ်လောင်းရေးတို့ကို      တရုတ် ပြည်မကြီးက ထိုင်ဝမ်ကျွန်းရှိတစ်နိုင်ငံတည်းသားများနဲ့ အတူတကွပေါင်းစည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 


ဒီလိုငြိမ်းချမ်းစွာ          ပြန်လည် ပေါင်းစည်းသွားပြီဆိုရင်တော့ တရုတ်နဲ့ ဟောင်ကောင်ကြား၊ တရုတ်နဲ့မကာအို ကြား ရရှိခဲ့တဲ့ အပြန်အလှန်ဆက်ဆံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို    ထိုင်ဝမ်ကျွန်း အနေနဲ့    လက်ခံရရှိကာ    အဲဒီကနေမှ တစ်ဆင့်ဒေသတွင်းသာမက ကမ္ဘာ့ဒေသ အသီးသီးမှာပါ   ငြိမ်းချမ်းရေးရဲ့   အသီး အပွင့်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

 


ဒါကြောင့်         ထိုင်ဝမ်ကျွန်းဆိုက တရုတ်နိုင်ငံရဲ့     တစ်စိတ်တစ်ပိုင်းဖြစ် တယ်ဆိုတာကို  သမိုင်းကြောင်းအရနဲ့ ဥပဒေကြောင်းများအရ           ဘယ်လိုမှ ငြင်းပယ်လို့မရတဲ့   အမှန်တရားဖြစ်ပြီး  တရုတ်အစိုးရက       လုပ်ဆောင်နေတဲ့ နိုင်ငံတော်     ပြန်လည်ပေါင်းစည်းရေး ဆိုတာကလည်း    တကယ်လက်တွေ့ အလုပ်ဖြစ်စေတဲ့   လုပ်ငန်းစဉ်ဖြစ်တာ ကြောင့်     အောင်မြင်ပါစေကြောင်း ဆုတောင်းကာ   အင်အားကြီးနိုင်ငံများ အပါအဝင်       ကမ္ဘာ့နိုင်ငံအသီးသီးက ဝိုင်းဝန်း      ထောက်ပံ့ပေးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။        ။