
နေပြည်တော် ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး သာစည် မြို့နယ်၌ ငွေကျပ်သိန်း ၁၅၈၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၁၇၆ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂ ရက် နံနက် ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး သာစည် မြို့နယ် ကျွဲတပ်ဆုံ စစ်ဆေးရေး စခန်း၌ ကလောမှ သာစည် ဘက်သို့ ပြည့်ဖြိုးထွန်း မောင်းနှင် ပြီး မျိုးကျော်သူနှင့် သန့်ဇင်ကို တို့လိုက်ပါလာသည့် MITSUBISHI FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၅၈၀ ကျော် တန်ဖိုးရှိ ဘိန်းစိမ်း ၁၇၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိ ခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ ဘိန်းစိမ်းများ ကို ရှမ်းပြည်နယ် တောင်ပိုင်း မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်