တစ်နေ့တခြား ကူးစက်မှုတွေ များပြားလာတဲ့ မျောက်ကျောက်ရောဂါ

 

ကောင်းဇော်

 

လတ်တလော ကမ္ဘောဒီးယားနိုင်ငံမှာသာမက  ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသားတွေကြား  စိုးရိမ်မှုမြင့်တက်နေတာက မျောက်ကျောက်ရောဂါ ကူးစက်မှုပါ။  မေ ၄ ရက်မှ ဩဂုတ် ၆ ရက်အထိ ကမ္ဘာတစ်ဝန်းရှိ  နိုင်ငံနဲ့ ဒေသပေါင်း ၈၈ ခုမှာ မျောက်ကျောက်ရောဂါ အတည်ပြုကူးစက်ခံရသူ အရေအတွက် ၂၈၇၆၀ အထိ ရှိလာပြီလို့  နိုင်ငံတကာ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

 


မျောက်ကျောက်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁၁ ဦးရှိ


လက်ရှိအချိန်အထိ အဆိုပါ ရောဂါ ကြောင့်  သေဆုံးသူအရေအတွက်ဟာ ၁၁ ဦးရှိပြီး  နိုင်ဂျီးရီးယားမှာ သုံးဦး၊ ဗဟိုအာဖရိကမှာ နှစ်ဦး၊ စပိန်မှာ နှစ်ဦး၊ ဘရာဇီးမှာ တစ်ဦး၊     ဂါနာမှာ တစ်ဦး၊ အိန္ဒိယမှာ  တစ်ဦး၊      ပီရူးမှာ  တစ်ဦး ရှိတယ်လို့ ဆိုပါတယ်။  အာဖရိကပြင်ပ မှာ     ပထမဆုံးမျောက်ကျောက်ရောဂါ ကူးစက်ခံရမှု တွေ့ရှိတဲ့ နိုင်ငံက ဗြိတိန် နိုင်ငံဖြစ်ပြီး   မေ  ၆ ရက်မှာ   စတင် တွေ့ရှိခဲ့တယ်လို့   နိုင်ငံတကာသတင်း ရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ 

 


မျောက်ကျောက်ရောဂါ     ကူးစက် ခံရတဲ့     လူအများစုဟာ   ရက်သတ္တ နှစ်ပတ်မှ လေးပတ်အတွင်း ပြန်လည် ကောင်းမွန်လာကြတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက  ဆိုပါတယ်။  ဥရောပဒေသ ဟာ         လက်ရှိ     ကမ္ဘာလုံးဆိုင်ရာ မျောက်ကျောက်ရောဂါ   ကူးစက်မှု၏ ဗဟိုချက်အဖြစ်ရှိနေပြီး ၂၀၂၂ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း  မျောက်ကျောက်ရောဂါ အတည်ပြုကူးစက်ခံထားရတဲ့ ၈၀ ရာခိုင် နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။

 


ရောဂါကူးစက်ခံရသူ
ပြန်လည်ကောင်းမွန်လာ


မျောက်ကျောက်ရောဂါ ကူးစက်ခံရ ထားကြောင်း စစ်ဆေးတွေ့ရှိထားသော် လည်း  ထိုင်းနိုင်ငံမှ    ထွက်ပြေးလာတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပထမဆုံးပြည်ပ ပြန် မျောက်ကျောက်ရောဂါ ကူးစက်ခံ ရသူဟာ    ရက်သတ္တနှစ်ပတ်အကြာ ဆေးကုသမှု ခံယူအပြီးမှာတော့ ပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ ကမ္ဘော ဒီးယားနိုင်ငံ     ကျန်းမာရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက    ဩဂုတ် ၆ ရက်က ပြောပါတယ်။ 

 


အဆိုပါ    အသက်  ၂၇ နှစ်အရွယ် နိုင်ဂျီးရီးယားလူမျိုး အော့စ်မွန် ချီဟာ ဇီရင်  အင်န်ဇာရင်ကို   ကမ္ဘောဒီးယား အာဏာပိုင်တွေက ဇူလိုင် ၂၃ ရက်မှာ ဖနောင်ပင်မြို့ရှိ        ချာကာမွန်ခရိုင်မှာ ဖမ်းဆီးရမိခဲ့ပြီး     ဆေးကုသမှုခံယူရန် ဆေးရုံကို ပို့ဆောင်ခဲ့တာ  ဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါအတွက် Khmer-Soviet Friendship  ဆေးရုံမှာဆေးကုသ မှုခံယူနေတဲ့ နိုင်ဂျီးရီးယား အမျိုးသား ဟာ ဩဂုတ် ၆ ရက်မှာ မနက်ပိုင်းမှာတော့ ရောဂါကင်းစင်တဲ့အတွက်   ဆေးရုံက ဆင်းခွင့်ရရှိပြီ ဖြစ်တယ်လို့    သတင်း ရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ 

 


သက်ဆိုင်ရာ အာဏာပိုင်တွေထံ လွှဲပြောင်းအပ်နှံထား


အဲဒီနိုင်ဂျီးရီးယား အမျိုးသားဆေးရုံ ကနေ     ဆင်းခွင့်ရရှိခြင်းဟာ  ဩဂုတ် ၅ ရက်က ကမ္ဘောဒီးယားနိုင်ငံရှိ Pasteur Institute မှာ နောက်ဆုံးအကြိမ် စစ်ဆေး မှု    ပြုလုပ်ပြီးနောက်   မျောက်ကျောက် ရောဂါကူးစက်မှု  မတွေ့ရှိတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရရှိတာလို့ ဆိုပါ တယ်။    ကမ္ဘောဒီးယားနိုင်ငံမှာ    အဲဒီ အမျိုးသားနဲ့      တိုက်ရိုက်ထိတွေ့တဲ့ လူငါးဦးရှိပြီး ရောဂါပိုးကူးစက်ခံရခြင်း ရှိ မရှိ      စစ်ဆေးရာမှာ      ပိုးမတွေ့ရှိ ဘူးလို့  ဆိုပါတယ်။  လက်ရှိမှာ  အဲဒီ  အမျိုးသားကို     တရားဥပဒေလုပ်ထုံး လုပ်နည်းအတိုင်း   ဆက်လက်ဆောင် ရွက်ဖို့  သက်ဆိုင်ရာ အာဏာပိုင်တွေထံ လွှဲပြောင်းအပ်နှံထားတယ်လို့     သိရ ပါတယ်။ 

 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က     ဇူလိုင် ၂၃   ရက်မှာ    မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေး  အရေးပေါ်အခြေ အနေအဖြစ် ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။    အာဖရိကပြင်ပနိုင်ငံမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံး သေဆုံးမှုဖြစ်တဲ့ နိုင်ငံက အိန္ဒိယနိုင်ငံပါ။ မကြာသေးမီ    သီတင်းပတ်တွေအတွင်း စပိန်နိုင်ငံမှာ        မျောက်ကျောက်နဲ့ ဆက်စပ်တဲ့ရောဂါကြောင့်      သေဆုံးသူ နှစ်ဦးနဲ့     ဘရာဇီးနိုင်ငံမှာ   သေဆုံးမှု တစ်ဦး ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာ သတင်းရင်းမြစ်တွေ ဖော်ပြထားပါတယ်။ 

 


သတိထား ဆင်ခြင်သင့်


မျောက်ကျောက်ရောဂါဟာ ကူးစက် ခံရပြီးနောက် ရက်သတ္တနှစ်ပတ်အတွင်းမှ လေးပတ်အတွင်း ပြန်လည်ကောင်းမွန် လာကြတယ်လို့    ဆိုသော်ငြားလည်း ကူးစက်မှုတွေ မြင့်တက်လာတာနဲ့အမျှ သေဆုံးမှုလည်း  မြင့်တက်လာနိုင်တာ ကြောင့်  သတိထား  ဆင်ခြင်သင့်တယ်လို့ ကျွမ်းကျင်သူတွေက       သုံးသပ်ထားပါ တယ်။  ထိုင်းနိုင်ငံမှာ   ဩဂုတ် ၅ ရက်  ထုတ်ပြန်ချက်အရ     မျောက်ကျောက် ရောဂါကူးစက်ခံသူ လေးဦးအထိ ရှိလာ ပြီလို့ သိရပါတယ်။ 

 


မျောက်ကျောက်ရောဂါဟာ ပွေ့ဖက် ခြင်း၊   နမ်းခြင်း၊   လိင်ဆက်ဆံခြင်းတွေ အပါအဝင်  ရောဂါပိုးရှိသူနဲ့  အနီးကပ် ထိတွေ့မှုမှတစ်ဆင့် လူမှ လူကို ကူးစက် နိုင်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်တယ် လို့  ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လက်ရှိအချိန်ထိ      မျောက်ကျောက် ရောဂါကူးစက်ခံရမှု     အများဆုံးနိုင်ငံ အဖြစ် အမေရိကန်နိုင်ငံက ထိပ်ဆုံးမှာ ရှိနေပြီး      အတည်ပြုကူးစက်ခံရသူ စုစုပေါင်း ၇၄၉၁ ဦးအထိ ရှိလာပြီ ဖြစ်ပါ တယ်။ ဒါပေမယ့် အဲဒီ မျောက်ကျောက် ရောဂါကြောင့်    အမေရိကန်နိုင်ငံမှာ သေဆုံးသူ  မရှိသေးပါဘူး။  ထိုနည်းတူ စပိန်နိုင်ငံက    မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု   ဒုတိယအများဆုံးနိုင်ငံ အဖြစ် ရှိနေပြီး ကူးစက်ခံရသူ စုစုပေါင်း ၅၂၁၁ ဦးအထိပြီး သေဆုံးသူ မရှိသေးဘူး လို့ သိရပါတယ်။

 

 
နည်းနည်းတစ်ဖုံ များများတစ်လှည့် ဖြစ်ပွားနေ


မျောက်ကျောက်      ကူးစက်ခံရမှု အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကိုကြည့်ရင်   ကမ္ဘေားဒီးယားနိုင်ငံအပြင် ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း စတဲ့ နိုင်ငံတွေ မှာ      ဖြစ်ပွားနေတာ    တွေ့ရတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ     မျောက်ကျောက် ရောဂါ       ကူးစက်ခံရသူတစ်ဦးရှိပြီး ထိုင်းနိုင်ငံမှာ    လေးဦးနဲ့     စင်ကာပူ နိုင်ငံမှာ ၁၅ ဦးအထိ  ကူးစက်မှုဖြစ်ပွား နေတာ တွေ့ရပါတယ်။ အဲဒီနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု အပြင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တွေကိုလည်း နည်းနည်းတစ်ဖုံ  များများ တစ်လှည့် ဖြစ်ပွားနေတာတွေ့ရတယ်။ 

 


ကမ္ဘောဒီးယားနိုင်ငံမှာ       ဩဂုတ် ၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရသူ ၁၈ ဦးရှိတယ်လို့ ဖနောင်ပင်ပို့စ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံး သူ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ထပ်မံကူးစက်ခံရမှုကြောင့် ကမ္ဘေားဒီးယားနိုင်ငံမှာ     ကိုဗစ်-၁၉ ရောဂါ    ကူးစက်ခံရသူ     စုစုပေါင်း ၁၃၆၉၇၇  ဦးရှိပြီး   ရောဂါကင်းစင်ပြီး ပြန်လည်ကောင်းမွန်လာသူ ၁၃၃၆၅၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘော ဒီးယားနိုင်ငံမှာ      အဲဒီရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၀၅၆ ဦးရှိပါတယ်။ 

 


ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ထိုးနှံထား မှုတွေကြောင့် လူသားတွေ အသက်ရှူ ချောင်လာချိန်မှာ       မျောက်ကျောက် ရောဂါကို    ကမ္ဘာလုံးဆိုင်ရာ  ပြည်သူ့ ကျန်းမာရေးအရေးပေါ်   အခြေအနေ အဖြစ်     ထုတ်ပြန်ကြေညာထားတာ ကြောင့် ခရီးသွားလာရေးကဏ္ဍတွေမှာ အခက်တွေ့ကြရပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ    ကင်းစင်ကြောင်း    အထောက် အထား စာရွက်စာတမ်းတွေကိုသက်ဆိုင် ရာအား   ပြသရသလို   မျောက်ကျောက် ရောဂါလက္ခဏာ   ရှိ မရှိလည်း   ပြသ ရတာကြောင့်   ပိုအခက်တွေ့ကြရပြန် ပါတယ်။           ။