
လော့စ်အိန်ဂျလိစ် ဩဂုတ် ၆
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မရဏတောင်ကြား၌ ဩဂုတ် ၅ ရက်က ရေကြီးမှုဖြစ်ကာ လမ်းမများအားလုံး ရေလွှမ်း သွားပြီးနောက် မော်တော်ယာဉ် များအားလုံး နစ်မြုပ်ပျက်စီးသွား ကာ လူ ၁၀၀၀ ကျော်လည်း ပိတ်မိနေသည်။
အမျိုးသား ဥယျာဉ် ဝန်ဆောင်မှုဌာန၏ အဆိုအရ မထင်မှတ်ဘဲ မိုးရေချိန်များ ပြားစွာ ရွာသွန်းခဲ့ပြီး ရေကြီး ရေလျှံမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသော်လည်း ကယ်လီ ဖိုးနီးယားပြည်နယ် အရှေ့ပိုင်း မိုဂျေ့ သဲကန္တာရ ဥယျာဉ်အတွင်း ခရီးသွားဧည့်သည် ၅၀၀ ခန့် နှင့် ဝန်ထမ်း ၅၀၀ ခန့် ပိတ်မိ နေပြီး ကားအစီးရေ ၆၀ ခန့် မှာလည်း အပျက်အစီးများ အောက် ပေပေါင်းများစွာ နစ်မြုပ်သွားခဲ့သည်။ မိုးရွာသွန်းမှု ကြောင့် ရုံးခန်းများနှင့် ဟိုတယ် များ ရေလွှမ်းခဲ့ကြောင်း အဆိုပါ ဥယျာဉ် ဝန်ဆောင်မှုဌာနမှ သိရ သည်။
ရာသီဥတု ဖောက်ပြန်ခြင်း ကြောင့်ဖြစ်ပေါ်လာသော အပူ ချိန် မြင့်မားမှုကြောင့် လေထု အတွင်း အစိုဓာတ် ပိုမိုထိန်းထား နိုင်ပြီး မိုးရေချိန် ပိုမိုရွာသွန်းစေ လျက်ရှိသည်။ ကုလသမဂ္ဂ ရာသီ ဥတုဆိုင်ရာ ကျွမ်းကျင်သူများ ၏ အဆိုအရ ကမ္ဘာကြီးပူနွေး လာမှုကို ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ ကန့်သတ် ထားသော်လည်း အချို့သော ဒေသများတွင် မိုးရွာသွန်းမှု အကြိမ်အရေအတွက် တိုးမြင့် လာမှုနှင့် ပိုမိုသည်းထန်ရွာသွန်း စေမှုများကို ဖြစ်ပေါ်စေလျက် ရှိသည်။
အေအက်ဖ်ပီ