
နေပြည်တော် ဩဂုတ် ၆
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၅ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် တက်ရောက်လာကြသူများက တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် ကျီကုန်းတပ်နယ်အသင်းနှင့် ကလေးတပ်နယ်အသင်း တို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။
အဆိုပါပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်နယ်များမှ ပြိုင်ပွဲဝင် အသင်း ၁၀ သင်း ဖြင့် ဩဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်