
ဘေရွတ် သြဂုတ် ၄
၂၀၂၀ ပြည့်နှစ် ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှု တွင် သေဆုံးခဲ့သူများအတွက် တရား မျှတမှုရှိအောင် လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း လက်ဘနွန် သမ္မတ မိုက်ကယ်အောင်းက သြဂုတ် ၄ ရက်က ထပ်လောင်း ပြောကြားလိုက်သည်။
လိမ်လည်မှု၊ မတရားမှုမှ ကင်းဝေးသော သမာသမတ်ကျ သော တရားစီရင်ရေးလုပ်ငန်းမှ တစ်ဆင့် အမှန်တရားကို အပြည့် အစုံဖော်ထုတ်ပြီး တရားမျှတမှု ရရှိအောင် လုပ်ဆောင်သွားမည်ဟု ဆိပ်ကမ်းပေါက်ကွဲမှုတွင် အသက် သေဆုံးခဲ့သူများ၏ မိသားစုဝင် များကို လက်ဘနွန်သမ္မတက အလေးအနက် ထပ်လောင်း ပြောကြားလိုက်သည်။
ထို့အပြင် ဥပဒေအထက်တွင် မည်သူမျှမရှိစေရဟု အောင်းက ဝမ်းနည်းဖွယ်ဖြစ်ရပ်၏ ဒုတိယ နှစ်ပတ်လည်နေ့ အခမ်းအနား တွင် ပြောကြားလိုက်သည်။
ဝန်ကြီးချုပ် နာဂျစ်မီကာတီ က ဝမ်းနည်းဖွယ်ဖြစ်ရပ်တွင် သေဆုံးခဲ့သူများ၏ ဝိညာဉ်များ ငြိမ်းချမ်းစွာအနားယူရန် ဆန္ဒပြုပါ ကြောင်းနှင့် ချစ်ရသူများ၏ စိတ်နှလုံးများလည်း သာယာပါ စေဟု ဆုတောင်းမေတ္တာပို့သခဲ့ သည်။
အပြစ်ရှိသူများကို ပြစ်ဒဏ် မချမှတ်နိုင်သမျှ တရားမျှတမှု ရရှိမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဆင်ဟွာ