“ဂန္ထဝင်သံစဉ်” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဩဂုတ်   ၃  


ပြည်သူများ  အပန်းပြေစေရန်၊  ပျော်ရွှင်စေရန်နှင့်  စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို  တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday  Night Live Show အဖြစ်   တင်ဆက်မည့်  “ဂန္ထဝင်သံစဉ်” တေးဂီတဖျော်ဖြေပွဲကို  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV-HD Channel မှ ဩဂုတ်  ၅ ရက် (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည် ဖြစ်သည်။ 

 


ဖျော်ဖြေတင်ဆက်ကြမည်


ယင်းအစီအစဉ်တွင် မြန်မာ့အသံဆိုင်းဝိုင်းကြီးနှင့် သံစုံတီးဝိုင်းတို့၏ တီးခတ်မှုနှင့်အတူ  တေးသံရှင်များဖြစ်ကြသည့်  နန်းဝင်း၊ ချမ်းဟိန်း ဝင်းထွန်း၊   မင်းသားလေး၊ ယဉ်ဝေယံထွန်း၊    ခရမ်းကြည်ကြည်မာ၊ နေခြည်၊  ရွှေဖြူ၊  သဒ္ဒါဖြူ၊  မြတ်နိုးစံနှင့် ဝမ်းကေဇင်တို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။ 

 


ထိုသို့ တင်ဆက်မှုကို ဩဂုတ်  ၇  ရက်  (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။              

          
  သတင်းစဉ်