
ပွင့်ဖြူ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစတင်ပြီး ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာသုတေသနလုပ်ငန်းစီမံကိန်းအစီအစဉ်ဖြင့် မဲဇလီဆည်ရေ သောက်စနစ်ဖြစ်သည့် တောင်မုန်းမြောင်းမကြီး လက်တံ(၂) သရက်အုပ်ကွင်းရှိ စိုက်ပျိုးမြေဧက ၅၀၀ အကျိုးပြုမည့် ရေဆိုးထုတ်မြောင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရ သည်။
မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေများ တိုးပွားစေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရည်ရွယ်၍ ဆည်ရေပေးဝေမှု တိုးတက် ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာသုတေသန လုပ်ငန်းစီမံကိန်းကို ခွင့်ပြုရန်ပုံငွေကျပ်သန်း ၅၉၀ ဖြင့် ငါးနှစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရကာ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ နှစ်တွင် စီမံကိန်းမှ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅ သန်း အသုံးပြု၍ စီမံကိန်းလုပ်ငန်းတွင် ပါဝင်သော သုတေ သနလုပ်ငန်းအတွက် ရေတိုင်းတာခြင်း၊ မိုးရေချိန် တိုင်းတာခြင်း၊ ရေငွေ့ပျံနှုန်းတိုင်းတာခြင်း၊ မြေအောက် ရေအနိမ့်အမြင့် တိုင်းတာခြင်း၊ မြေဆီလွှဲနှင့် ရေအရည် အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် မဲဇလီရေလွှဲဆည်မှ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေဖြန့်ဝေပေးထားသော တောင်မုန်းမြောင်းမ ကြီး လက်တံ(၂) သရက်အုပ်ကွင်းရှိ စိုက်ပျိုးမြေဧက ၅၀၀ အကျိုးပြုမည့် ရေဆိုးထုတ်မြောင်းကို စက် ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိပြီး မိုးလေဝသတိုင်းတာရေးစခန်း တည်ဆောက်ခြင်း လုပ်ငန်းမှာ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။ ဆက်လက်၍ ရေသွင်းမြောင်းနှင့် ရေထုတ် မြောင်းများ ကောင်းမွန်စေရေးပြုပြင်ခြင်းနှင့် အဆင့် မြှင့်တင်ခြင်း၊ ရေပေးပြွန်များနှင့် ရေဆိုးထုတ်ပြွန်များ အဆင့်မြှင့်တင်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ ရေသွင်း ရေထုတ်စနစ်ရှိ အဆောက်အအုံများ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊ ကုန်ထုတ်လမ်းများပြုပြင် ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခု အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသခံတောင်သူ များကို တိုးတက်လာသော ခေတ်မီနည်းစနစ်များနှင့် အညီ စိုက်ပျိုးရေ စနစ်တကျဖြန့်ဝေပေးနိုင်မည့် အပြင် ရေဆိုးထုတ်မြောင်းများ တူးဖော်ပေးခြင်း ကြောင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုဘေး အန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံက သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)