လွိုင်လင်မြို့နယ်၌ အဝီစိစက်ရေတွင်းတူးဖော်နေခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

လွိုင်လင်   သြဂုတ်   ၂


ရှမ်းပြည်နယ်တောင်ပိုင်း  လွိုင်လင်မြို့နယ် ပန်မုန့်ကျေးရွာအုပ်စု  ပေါင်းလိုင်ကျေးရွာရှိ ဒေသခံပြည်သူများ    သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်း ခြင်းနှင့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း များ၊ လွိုင်လင်မြို့  အမှတ်(၂) ဒုံးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အတွင်း       စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို   ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်အတွင်း    ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန   ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မွမ်းမံရန်ပုံ ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါ  မြို့နယ်ဦးစီးဌာနမှ သိရသည်။

 


ပေါင်းလိုင်ကျေးရွာတွင်  သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက်    အရှည်  တစ်မိုင်ရှိ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း များကို ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၀၇ သန်းဖြင့် တင်ဒါအောင်မြင်သောကုမ္ပဏီက   လည်း ကောင်း၊  လွိုင်လင်မြို့  အမှတ်(၂) ဒုံးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အတွင်း အနက် ပေ ၃၀၀ ရှိ အဝီစိစက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ မွမ်းမံရန်ပုံငွေ ကျပ် ၄ ဒသမ ၅ သန်းဖြင့် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  အင်ဂျင် နီယာများက ယခုနှစ် ဇွန်လအတွင်းက    စတင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး    ယခုအချိန်တွင်   လုပ်ငန်းများ ၈၅ ရာခိုင်နှုန်းအထိ  ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း    မြို့နယ်ကျေးလက်ဒေသ  ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး  ဒေါ်တင်မင်း ထိုက်က   ပြောသည်။                                        
     

ငြိမ်းသူ