
ဝါရှင်တန် သြဂုတ် ၂
အယ်ကေးဒါးခေါင်းဆောင် အီမင်န် အယ်လ်ဇာဝါဟီရီသေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာ ခဲ့သည်။
ဇူလိုင် ၃၁ ရက်က အာဖဂန်မြို့တော် ကဘူးလ်၌ အမေရိကန်ဒရုန်းတိုက်ခိုက်မှုအတွင်း အီမင်န်အယ်လ်ဇာဝါဟီရီ အသတ်ခံခဲ့ရကြောင်းနှင့် အယ်ကေးဒါး ခေါင်းဆောင်ဟောင်း အသတ်ခံခဲ့ရပြီး ဆယ်စုနှစ်တစ်စု ကြာပြီးနောက် နောက်ထပ် ခေါင်းဆောင်တစ်ဦးကို ထပ်မံသုတ်သင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုတရားမျှတမှု ရှိလာပြီဖြစ် ကြောင်း၊ ၎င်းအကြမ်းဖက်ခေါင်းဆောင် နောက်ထပ်ရှိတော့မည် မဟုတ်ကြောင်း၊ ကမ္ဘာတစ်ဝန်း နေထိုင်သူများသည် ရက်စက်ကြမ်းကြုတ်ပြီး အကြံအစည် ကြီးသည့် လူသတ်သမားကို ထပ်မံ ကြောက်စရာမလိုတော့ကြောင်း၊ ထို့အပြင် အရပ်သား အသေအပျောက်ရှိတော့မည် မဟုတ်ကြောင်း ဘိုင်ဒင်က သြဂုတ် ၁ ရက်တွင် ပြောခဲ့သည်။
အီဂျစ်ဇာတိဖွား အီမင်န်အယ်လ် ဇာဝါဟီရီသည် အသက် ၇၁ နှစ်ရှိပြီ ဖြစ်သည်။ ၎င်းသည် အယ်ကေးဒါး အဖွဲ့သို့ ၁၉၉၀ ပြည့်လွန်နှစ်များ တွင် ဝင်ရောက်ခဲ့ပြီး ငွေကြေးကိစ္စရပ် များကို စီမံခန့်ခွဲခဲ့သလို အခြေခံ အကြမ်းဖက်မူဝါဒများကို ချမှတ် ခဲ့သည်။
၎င်းသည် ၉/၁၁ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်။ အမေရိကန်တပ်ဖွဲ့ဝင်များ သည် ၂၀၁၁ ခုနှစ်တွင် အိုစမာဘင် လာဒင်ကို သုတ်သင်သတ်ဖြတ်ခဲ့ချိန် ကတည်းက ၎င်းသည် အယ်လ်ကေးဒါး အဖွဲ့၏ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ဖွယ်ရှိသည်။
အယ်လ်ကေးဒါးအဖွဲ့သည် အာဖဂန် နစ္စတန်ရှိ တာလီဘန်ခေါင်းဆောင်များနှင့် နီးကပ်သော အဆက်အသွယ်ရှိသည်ဟု ပြောကြသည်။
အမေရိကန်တို့ အာဖဂန်နစ္စတန် နိုင်ငံတွင်းမှ ဆုတ်ခွာရေးနှင့် ပတ်သက် ပြီး အီမင်န် အယ်လ်ဇာဝါဟီရီနှင့် အမေရိကန်တို့ ဆွေးနွေးခဲ့သည့် ရုပ်သံ ဖိုင်ကို တာလီဘန်တို့က လွန်ခဲ့သောနှစ်က အွန်လိုင်းပေါ်သို့ လွှင့်တင်ခဲ့သည်။
အင်န်အိတ်ချ်ကေ