အာရှခရီးစဉ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ မလေးရှားနိုင်ငံသို့ရောက်ရှိ

 

ကွာလာလမ်ပူ   သြဂုတ်    ၂ 


အမေရိကန်အောက် လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီသည် အာရှ ခရီးစဉ် ဒုတိယခရီးတစ်ထောက် အဖြစ်      သြဂုတ်   ၂  ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြခဲ့သည်။ 

 


ပယ်လိုစီသည်    မလေးရှား ဝန်ကြီးချုပ်နှင့်      အောက် လွှတ်တော်ဥက္ကဋ္ဌ နှင့်   မတွေ့ဆုံမီ  မလေးရှားလေတပ် အခြေစိုက် စခန်းသို့    ရောက်ရှိခဲ့ကြောင်း  နိုင်ငံပိုင်    ဘာနားမားသတင်း အေဂျင်စီ၌ ဖော်ပြခဲ့သည်။ 

 


စင်ကာပူနှင့်    မလေးရှား ခရီးစဉ်ပြီးနောက်  နောက်ထပ် ခရီးစဉ်များအဖြစ်      တောင် ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်   ဖြစ် ကြောင်း သိရသည်။ 

 


အမေရိကန်       အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ သည်    ကွာလာလမ်ပူတွင် တစ်ညတာနေမည်    မဟုတ် ကြောင်း လေဆိပ်သို့ ပြန်လည် ထွက်ခွာမည်      ဖြစ်ကြောင်း ပယ်လိုစီနှင့်       နီးကပ်သော သတင်းရင်းမြစ်အရ သိရသည်။ 

 


အိမ်ဖြူတော်  အမျိုးသား လုံခြုံရေးကောင်စီ    ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီကနန်စီပယ် လိုစီအနေဖြင့်     သူနှစ်သက် သဘောကျသည့်      နေရာသို့    သွားရောက်မည်    ဖြစ်ကြောင်း    သတင်းထောက်များကို    ပြော ကြားခဲ့သည်။                                             
ဘာနားမား၊ ဆင်ဟွာ