ခန္တီးမြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

 

နေပြည်တော်  ဩဂုတ် ၂


ယနေ့  မြန်မာစံတော်ချိန် ၁၉ နာရီ ၀၉မိနစ် ၂၈ စက္ကန့် အချိန်တွင်     မြစ်ကြီးနား မြေငလျင်စခန်းမှ   အနောက် မြောက်ဘက်  ၉၆ မိုင်ခန့်   ကွာဝေးသော   မြန်မာနိုင်ငံ ပြည်တွင်း (ခန္တီးမြို့၏ အရှေ့-အရှေ့ မြောက်ဘက် ၂၂ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၂၆ ဒသမ ၀၈ ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒသမ ၀၄  ဒီဂရီ၊  အနက်   ၂၀   ကီလိုမီတာကို   ဗဟိုပြု၍   အင်အားရစ်(ချ်) တာစကေး  ၄ ဒသမ ၃ အဆင့် ရှိ    အင်အားအနည်းငယ်ရှိသော   မြေငလျင်     လှုပ်ရှားခဲ့ကြောင်း       တိုင်းထွာရရှိသည်။

မိုး/ဇလ