ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်    ၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊   ထိန်းချုပ်၊  ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာ မှုမရှိ   တင်သွင်းနိုင်ရေးအတွက်  အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေတစ်စီးဖြင့် Mask ၁၁ ဒသမ ၁၅ တန်   တင်သွင်းခဲ့ကြောင်း   သိရ သည်။

 


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်     ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်  ဆက်စပ်သည့်  အသိပေး ကြေညာချက်များကိုလည်း     အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန  Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး     စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။        

                
သတင်းစဉ်