တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဩဂုတ်   ၂


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌   သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင်   လူမျိုးမရွေး ဘာသာ မရွေး    အသက် ၄၀ အထက် ဒေသခံပြည်သူများ၊  အကျဉ်းသား အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊     နာတာရှည်ရောဂါအခံရှိ သူများ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်    စခန်းများ အတွင်းရှိ ပြည်သူများ၊  အသက်(၅)နှစ်မှ ၁၂ နှစ်အထက်  အခြေခံပညာ မူလတန်း၊      အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်    ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော် မှ   ဆေးအဖွဲ့များ၊   ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊  သူနာပြုများ၊ ကျန်းမာရေး      ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း      လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့   ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၅၂၄ ဦး၊   ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌  ဒေသခံပြည်သူ ၄၄၂၇ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်  ခုနစ်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၅၆၂ ဦး၊   မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ    ခရိုင်ခုနစ်ခု တို့၌  ဒေသခံပြည်သူ ၅၂၈၀ ၊ ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ဒေသခံပြည်သူ    ၂၆၈    ဦးတို့ကို တပ်မတော်မှ    ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊    စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍    ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးသည်။

 


ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း   ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ    ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  ၂၆   မြို့နယ်တို့၌ ကျောင်း သား       ကျောင်းသူ ၂၉၄၉ ဦး၊         ရခိုင်ပြည်နယ်အတွင်းရှိ   မြို့နယ် သုံးမြို့နယ်တို့၌    ကျောင်းသား ကျောင်းသူ         ၄၇၂       ဦးတို့ကို တပ်မတော်မှ    ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ      ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး   ထိုးနှံပေး သည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး      လိုအပ်သည်များ ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်