
နေပြည်တော် ဇူလိုင် ၃၀
မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင် ဖြတ်သန်းရာတွင် ကျန်းမာ ရွှင်လန်းသော လူမှုပတ်ဝန်းကျင် ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေး နှင့်ညီညွတ်သည့် ပတ်ဝန်းကျင် တစ်ခုရှိရန် အလွန်အရေးကြီး လှပါသည်။ မိမိတို့ တစ်ဦးချင်း နေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city၊ Clean Village များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေး နှင့် ညီညွတ်မျှတမည်ဖြစ်သည့် အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံ များ၊ ဒေသတွင် တာဝန်ထမ်းဆောင် နေကြသည့် အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာ ရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်သည်။
ယခုအချိန်အခါတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်း လုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများအားလုံး က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင် လည်း မိမိတို့၏ မြို့၊ ရွာ ဒေသများ သန့်ရှင်းသာယာ လှပရေးကို အားတက်သရော ဆောင်ရွက် လျက် ရှိကြသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် အပါ အဝင် မြို့နယ်ရှစ်မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အပါအဝင် မြို့နယ် လေးမြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့နှင့် ကျောက်မဲမြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့ အပါ အဝင် မြို့နယ်သုံးမြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့ အပါ အဝင် မြို့နယ်သုံးမြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်အပါအဝင် မြို့နယ် ငါးမြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ် တို့၌လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက် ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ကိုးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင် ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ် ၁၃ မြို့နယ်နှင့် ချင်းပြည် နယ် ပလက်ဝမြို့နှင့် မင်းတပ်မြို့ တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်အပါအဝင် မြို့နယ်ခုနစ်မြို့နယ်နှင့် မကွေး တိုင်းဒေသကြီး ရေစကြိုမြို့နယ် တို့၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် အပါအဝင် မြို့နယ် ၁၁ မြို့နယ်တို့ ၌ လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ်သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင် ရာ အဆောက်အဦများ၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ် များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာ များ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံ ပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက် များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်း များ တူးဖော်ပေးခြင်းနှင့် ခြင်ဆေး ဖျန်းပေးခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တိုင်းစစ် ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်