အီရန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၅၃ ဦးအထိ ရှိလာ

 

တီဟီရန်   ဇူလိုင်    ၃၀


မကြာသေးမီက     အီရန်နိုင်ငံ ပြည်နယ်အသီးသီးတွင် မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားသောကြောင့် သေဆုံးသူ အရေအတွက်      ၅၃   ဦးအထိ မြင့်တက်လာကြောင်း      ဇူလိုင် ၂၉  ရက်က      ကယ်ဆယ်ရေး အကြီးတန်းအရာရှိ    တစ်ဦးက ပြောသည်။ 

 


အီရန်လခြမ်းနီ   အသင်း၏ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဖြစ်သူ မဲဒီပယ်လီပူအာက ၁၆ ဦး ပျောက်ဆုံးနေဆဲ   ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ  လူ ၃၀၀၀ ကို အရေးပေါ်နေရာထိုင်ခင်းအတွက် စီမံပေးထားပြီး      နောက်ထပ် ၁၃၀၀    ကို      ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးထားပြီး      ဖြစ် ကြောင်း ပြောသည်။ 

 


ကယ်ဆယ်ရေးသမား ၃၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကယ်ဆယ် ရေးအသင်း     ၆၈၇ သင်းဖြင့် ကယ်ဆယ်ရေး       လုပ်ငန်းများကို ဆောင်ရွက်လျက်     ရှိကြောင်း  ၎င်းက   ထပ်မံပြောကြားသည်။ မာဇန်ဒန်ရန်ပြည်နယ်    အကျပ် အတည်းစီမံခန့်ခွဲမှုအဖွဲ့မှ  အကြီး အကဲဖြစ်သူ   ဟော့စ်ဆိန် အလီ မိုဟာမက်ဒီက  ရေကြီးမှုကြောင့် အဆောက်အအုံတစ်လုံး တစ်စိတ် တစ်ပိုင်း ပြိုကျပြီး တံတားတစ်စင်း   ပျက်စီးခဲ့ကြောင်း၊      မြို့နယ်အချို့ တွင်        လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး      ကွန်ရက်များ       ယာယီ  ပြတ်တောက်ခဲ့ကြောင်း    ပြောသည်။ 

 


အီရန်နိုင်ငံ၌           ဩဂုတ် ၁ ရက်အထိ   မိုးသည်းထန်စွာ ရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နိုင် ကြောင်း၊     လက်ရှိအချိန်အထိ ပြည်နယ် ၂၀၊ ဒေသပေါင်း ၁၀၀ နှင့် ရွာပေါင်း ၃၀၀ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။        

   
ဆင်ဟွာ