
နေပြည်တော် ဇူလိုင် ၃၀
၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ဩဂုတ် ၁ ရက် နံနက် ၇ နာရီတွင်လည်းကောင်း၊ ကချင်ပြည်နယ် အသင်းနှင့် မွန်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ယင်းနေ့ မွန်းလွဲ ၃ နာရီတို့တွင်လည်းကောင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါဘောလုံးပွဲစဉ်များကို ယင်းနေ့နံနက် ၆ နာရီ ၄၅ မိနစ် နှင့် မွန်းလွဲ ၂နာရီ ၄၅မိနစ်ခန့်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV - HD နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး ကြေညာအပ် ပါသည်။
သတင်းစဉ်