
နေပြည်တော် ဇူလိုင် ၃၀
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း၌ PDF အမည်ခံ အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်အကြမ်းဖက်သတ်ဖြတ်မှု အန္တရာယ်မှ တိမ်းရှောင်လာကြသူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း ကို ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ PDF အမည်ခံအကြမ်းဖက်သမားများ၏ ခြိမ်းခြောက် အကြမ်းဖက်သတ်ဖြတ်မှုအန္တရာယ်မှ တိမ်းရှောင်လာ ကြသူများ တက်ရောက်ကြသည်။
ညှိနှိုင်းဆောင်ရွက်
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေပြည် တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင်အတွင်း၌ လာရောက်တိမ်းရှောင်လာသူ အိမ်ထောင်စု ၁၁၅ စု အတွက် ဆန်၊ ဆီ၊ ကုလားပဲများနှင့် ထောက်ပံ့ငွေများ ကို ပေးအပ်ရာ လာရောက်တိမ်းရှောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လာရောက်တိမ်းရှောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းသို့ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည် နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့မှ လာရောက်တိမ်းရှောင်သူ အိမ်ထောင်စု ၁၁၅ စုအတွက် တိုင်းစစ်ဌာနချုပ်မှ အိမ်ထောင်စု တစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီတစ်ပိဿာ၊ ဆား တစ်ပိဿာနှင့် ကုလားပဲတစ်ပိဿာနှုန်းဖြင့်လည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေ တစ်အိမ်ထောင်စုလျှင် ကျပ် ၆၀၀၀ နှုန်းဖြင့်လည်း ကောင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်