လယ်ဝေးမြို့နယ်အတွင်း e-ID စနစ်ဖြင့် နိုင်-၄ နှင့်ချိတ်ဆက်၍ ပုံစံ (၆၆/၆) စာရင်းများ ရေးသွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

လယ်ဝေး  ဇူလိုင်  ၃၀


နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဦးကျော်သိန်းဆိုင်သည်  ယနေ့ နံနက် က    လယ်ဝေးမြို့နယ်ဦးစီးမှူးရုံး   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့ အင်အားဝန်ကြီး ဌာနတွင် e-ID စနစ်ဖြင့် နိုင်-၄ နှင့်ချိတ်ဆက်၍ ပုံစံ (၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်းများ ရေးသွင်းနေမှုအား လာရောက် ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က မဲစာရင်းများ မှန်ကန်စေ ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်-၄ နှင့် ပုံစံ(၆၆/၆) အိမ်ထောင်စုဇယားများအား  ရေးသွင်းပြုစုရာတွင် မှန်ကန်မြန်ဆန်စေရေး အလေးထားဆောင်ရွက်ရန်၊    အင်တာနက်လိုင်း နှင့် လျှပ်စစ်မီးများ  ပြတ်တောက်မှုမရှိစေရေး  ကြိုတင်ပြင်ဆင်ဆောင်ရွက် ရန် စသည်တို့ကိုမှာကြားသည်။

 


ဆက်လက်၍ လယ်ဝေးခရိုင်ဦးစီးမှူး​  ဒေါ်မြင့်မြင့်သက်၊    မြို့နယ် ဦးစီးမှူး  ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မိမိတို့တာဝန်ကျဒေသ များအလိုက်   ခွဲဝေဆောင်ရွက်နေမှုများနှင့်   အချိန်မီပြီးစီးအောင် ဆောင်ရွက်နေမှုများအား  ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က   လိုအပ်သည်များကို   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                      

မြို့နယ်(ပြန်/ဆက်)