ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာ

 

ပုသိမ်   ဇူလိုင်   ၃၀


မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်၊ တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ  အတည်ပြုမိန့် ရယူပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)  ၌  ပြုလုပ်ရာ   တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

 


ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က   တိုင်းဒေသကြီးအတွင်း    ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လျက်ရှိသောကြောင့်    ပြည်သူ များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ လာသည်ကို  တွေ့ရှိရပါကြောင်း၊   တိုင်းဒေသကြီး အတွင်း၌ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် အထည်ချုပ်လုပ်ငန်း၊  ဟိုတယ်လုပ်ငန်း၊ ဆန်စပါး လုပ်ငန်းများ၊ ငါး၊ ပုစွန်၊ ကဏန်းမွေးမြူရေးလုပ်ငန်း များအပြင်   အခြားလုပ်ငန်းများတွင်  ရင်းနှီးမြှုပ်နှံ လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံ မြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများလည်း  ဖွံ့ဖြိုးလာရာ  ဒေသခံ ပြည်သူများအတွက်  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်လာပါကြောင်းနှင့်  မိမိတို့  တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည် များကို  ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ တက်ရောက်လာကြသည့် ကုမ္ပဏီ များမှ  စီးပွားရေးလုပ်ငန်းရှင်များက   အထည်ချုပ် လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တန်ဖိုးမြှင့်ဆန်ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ ကဏန်းပျော့ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်း    ဆောင်ရွက်မှုများကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြခဲ့ကြ သည်။ 

 


ယင်းနောက်  တိုင်းဒေသကြီး   ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များနှင့် စီးပွား​ရေးလုပ်ငန်းရှင်များ က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  ထပ်မံတိုးချဲ့မည့်အစီ အမံများ၊ မြေအသုံးချမှုခွင့်ပြုချက်ရရှိ​ရေး၊ လျှပ်စစ်မီး ပိုမိုရရှိ​ရေး​ ဆွေးနွေးချက်များအ​ပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်​ပေးခဲ့ပြီး   စိုက်ပျိုး​မွေးမြူ​ရေးအ​ခြေခံသည့်   စက်ရုံ အလုပ်ရုံများ   ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာ​စေရန် အတွက် အလားအလာ​ကောင်းများကို အကျယ်တ၀င့်​ဆွေး​နွေးခဲ့​ကြောင်းသိရသည်။

 


ယင်းနောက်    တိုင်းဒေသကြီး   ဝန်ကြီးချုပ် သည်   ပုသိမ်ပြည်သူ့ဆေးရုံ  ကိုးထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေများကို  သွားရောက် စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် မှု  အခြေအနေများအား  ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး  ဝန်ကြီးချုပ်က  သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ လုပ်ငန်းခွင် အတွင်း  အန္တရာယ်ကင်းရှင်းစေရေးနှင့်   သတ်မှတ် ကာလများအတွင်း   အချိန်မီ   ပြီးစီးစေရေးတို့အား အလေးထားဆောင်ရွက်ကြရန်   လမ်းညွှန်မှာကြား ခဲ့ပြီး    ဆေးရုံအတွင်းပတ်လမ်းခင်းခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှု၊ Waste Water Treatment ကန် ပြုလုပ်နေမှု၊ လူနာခန်းရှိToilet တွင်း လက်ကိုင်တန်း တပ်ဆင်ထားမှုနှင့်  View Point တွင် Composite ပြားများ  တပ်ဆင်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ 


တိုင်းဒေသကြီး (ပြန်/ဆက်)