
ဒါကာ ဇူလိုင် ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင် ပိုင်း ရထားလမ်းဖြတ်တစ်ခုတွင် ခရီးသွားမီနီဘတ်စ်ကားတစ်စီး ကို ရထားတစ်စင်းက ဝင်ရောက် တိုက်မိခဲ့ရာ ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အရှေ့တောင်ပိုင်း ၂၄၂ ကီလိုမီတာဝေးသော ချက်တိုဂရမ် ဒေသတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့သော အဆိုပါ မတော် တဆမှုတွင် လူသုံးဦးထက်မနည်း အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
ဒါကာမြို့မှ ချာက်တိုဂရမ်သို့ ပြေးဆွဲနေသော ယင်းရထားသည် ရထားလမ်းဖြတ်တစ်ခုတွင် ခရီး သည် မီနီဘတ်စ်ကားကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
မတော်တဆမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ရာ သေဆုံးခဲ့သူများ တွင် မီနီဘတ်စ်ကားမောင်းသမား လည်း ပါဝင်ခဲ့ကြောင်း ရဲအရာရှိ က ဆက်လက်ပြောကြားသည်။ သေဆုံးသူများအားလုံးမှာ ချက်တို ဂရမ်ဒေသ မာရှာရီရှိ ခွိုင်ရာချိုရာ ရေတံခွန်သို့ လာရောက်သည့် ဧည့်သည်ခရီးသွားများ ဖြစ်ကြ သည်။
မီနီဘတ်စ်သည် ရထားလာ နေကြောင်း အချက်ပြမှုကို သတိ မမူဘဲ ရထားလမ်းပေါ်သို့ တက်လာခဲ့သောကြောင့် ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရထားအရာရှိတစ်ဦး က ပြောသည်။
ဆင်ဟွာ