
ဘားအံ ဇူလိုင် ၂၉
ကရင်ပြည်နယ်အတွင်း အသား ထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေပြီး ဒေသတွင်း စားသုံးမှု ဖူလုံပိုလျှံကာ ပြည်တွင်း ပြည်ပဈေးကွက်များသို့ မွေးမြူ ရေး ထုတ်ကုန်များ တင်ပို့ရောင်းချ နိုင်ရေး ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဘားအံ မြို့နယ် စံဖရီးကျေးရွာအုပ်စုရှိ ဘားအံမွေးမြူရေးဇုန် ဖွင့်ပွဲ ကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါ မွေးမြူရေးဇုန် မုခ်ဦး၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ မွေးမြူရေးဇုန်သစ်ကို ဖွင့်လှစ်နိုင် ခြင်းကြောင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ပြည်သူ များ အစားအစာအာဟာရပြည့်ဝ စေပြီး အစားအစာဘေးကင်းလုံ ခြုံမှုရှိစေခြင်း၊ ပိုလျှံသည်များအား ပြည်တွင်းပြည်ပသို့ တင်ပို့နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ တိရစ္ဆာန်မှထွက် သော အညစ်အကြေးများမှ သဘာဝမြေဩဇာအဖြစ် အသုံးပြု နိုင်ရန် သဘာဝမြေဩဇာစက်ရုံ များကို တည်ထောင်ထားပြီးဖြစ် သောကြောင့် စိုက်ပျိုးရေးလုပ်ငန်း အတွက်လည်း အကျိုးကျေးဇူးရရှိ စေမည်ဖြစ်ကြောင်း၊ ပြည်နယ် ဂုဏ်ဆောင်သော မွေးမြူရေး လုပ်ငန်းရှင်၊ မွေးမြူရေးဇုန် ဖြစ် စေရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိ သရွေ့ ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်ဟန်က ဇုန်အတွင်းမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဘားအံ မွေးမြူရေးဇုန် ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က မွေးမြူရေးဇုန် ဖွင့်လှစ်မှု အခြေ အနေများကို ရှင်းလင်းပြောကြား ကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်၍ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဘားအံ မွေးမြူရေးဇုန်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မြေဧရိယာ ၁၃၇ ဒသမ ၄၆ ဧကတွင် တစ်ဧက အကျယ် တစ်ယူနစ် အကွက် ပေါင်း ၉၀ ၊ ယူနစ်မပြည့်သည့် အကွက်ပေါင်း ၁၆ ကွက် စုစုပေါင်း ၁၀၆ ယူနစ်ကို ဖော်ထုတ်၍ ကရင်ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေကျပ် ၈၂၁ ဒသမ ၆၁ သန်းဖြင့် မြေသားလမ်း လေးမိုင်၊ ကျောက်ချောလမ်းအဆင့်မြှင့်တင် ခြင်း နှစ်မိုင်အပါအဝင် လျှပ်စစ် မီးရရှိရေး၊ ရေရရှိရေးလုပ်ငန်း များကို ဆောင်ရွက်ပေးပြီး ယခုလက်ရှိဘားအံမွေးမြူရေးဇုန်တွင် နွား ၃၀၀ ၊ ဆိတ် ၃၂၅၀၊ ဥစား ကြက် ၃၀၀၀၀၊ ဒေသကြက် ၁၂၀၀၀၊ သဘာဝမြေဩဇာ စက်ရုံ နှစ်ရုံ၊ မွေးမြူရေးအစားအစာ နှင့်ဆေးဝါးအရောင်းဆိုင်တစ်ဆိုင် တို့ကို ဖွင့်လှစ်ထားရှိကာ မွေးမြူ ရေးလုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံမှု တန်ဖိုးငွေကျပ် ၈၈၇၉ ဒသမ ၇၃၆ သန်း ဖြစ်သည့် အတွက် ဘားအံမွေးမြူရေးဇုန်၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် ၉၆၀၀ ဒသမ ၁၂၀ သန်း ၉ ဒသမ ၆ ဘီလီယံ ခန့်ရှိကြောင်း သိရသည်။
အဆိုပါ ဘားအံမွေးမြူရေးဇုန် ကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့် ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေ ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီးဦးစောခင်မောင်မြင့် နှင့် ဘားအံမွေးမြူရေးဇုန် ကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံ မွေးမြူရေးဇုန် ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ ဇုန်ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်း တို့အား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်သည် မွေးမြူရေး ဇုန်ဖွင့်ပွဲသို့ တက်ရောက်လာသော တိုင်းရင်း သား ယဉ်ကျေးမှုကိုယ်စားလှယ် အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ဘားအံမွေးမြူ ရေးဇုန်ဖွင့်ပွဲအထိမ်းအမှတ်ပြခန်းတွင် ခင်းကျင်းပြသထားသော ဇုန်ဖော်ထုတ်မှုမှတ်တမ်းဓာတ်ပုံများ၊ မွေးမြူရေးအစားအစာ၊ ဆေးဝါးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာ များ၊ တိရစ္ဆာန်အစာတောင့် ကြိတ် စက်များကို ကြည့်ရှုအားပေး သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ မွေးမြူရေးဇုန်၌ မွေးမြူရေး လုပ်ငန်းရှင်များ၏ နွားမွေးမြူရေး ခြံ၊ ဆိတ်မွေးမြူရေခြံ၊ ဒေသ ကြက်နှင့် ဥစားကြက်ခြံများ၊ မွေးမြူရေး အစားအစာနှင့်ဆေးဝါး အရောင်းဆိုင်၊ သဘာဝမြေဩဇာထုတ်လုပ်ရေးစက်ရုံတို့ကို လှည့် လည်ကြည့်ရှုစစ်ဆေးသည်။
ဘားအံ မွေးမြူရေးဇုန်သည် အစာအာဟာရပြည့်ဝသော၊ ဇီဝ လုံခြုံမှုနှင့်ကူးစက်ရောဂါထိန်းချုပ် မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင် သော၊ မွေးမြူရေးထုတ်ကုန်များကို တစ်နေရာတည်း၌ စုပေါင်း ထုတ်လုပ်နိုင်သော၊ တိရစ္ဆာန် များ သက်သောင့်သက်သာစွာ နေထိုင် စားသောက်နိုင်ရေးနှင့် အညီ အဆောက်အဦများကို တည်ဆောက်မွေးမြူစေပြီး စိုက်ပျိုး ရိတ်သိမ်းကျွေးမွေးသည့် (Cut & Carry ) စနစ်ကို ကျင့်သုံးသွားမည့် ပထမဆုံး မွေးမြူရေးဇုန်တစ်ခုဖြစ် ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)