နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိ

 

နတ်တလင်း   ဇူလိုင်   ၂၈


ပဲခူးတိုင်းဒေသကြီး  နတ်တလင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ၌     မြို့နယ်အတွင်းရှိ အချိန်စေ့ချေးငွေပြေကျေပြီးသည့် လယ်သမားများသို့ မေလမှစတင် ၍ ၂၀၂၂ ခုနှစ်   မိုးရာသီ  စိုက်ပျိုး စရိတ်ချေးငွေများ   ထုတ်ချေးပေး လျက်ရှိရာ ဇူလိုင်  ၂၈ ရက်အထိ ရပ်ကွက်/ ကျေးရွာအုပ်စု  ၄၀ မှ လယ်သမား ၄၆၂၁ ဦးသို့  ၂၇၉၀၅ ဧကအတွက်         ချေးငွေပေါင်း ၄၁၈၅၇ ဒသမ ၅ သိန်း ထုတ်ချေး ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 


နတ်တလင်းမြို့နယ်   မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ   အနေ ဖြင့်    အချိန်စေ့   ချေးငွေပြေကျေ သည့်          လယ်သမားများသို့ ဆက်လက်    ထုတ်ချေးပေးလျက် ရှိပြီး     ရပ်ကွက်/ကျေးရွာအုပ်စု ၈၄ အုပ်စုမှ လယ်မြေဧက ၄၈၄၁၀ အတွက်   မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေါင်း  ၄၁၈၅၇ ဒသမ ၅ သိန်းကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးရန်  လျာထားကြောင်း မြို့နယ်မန်နေဂျာထံမှ     သိရ သည်။


ဝေယံဖြိုး(ပြန်/ဆက်)