
နေပြည်တော် ဇူလိုင် ၂၈
လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပံ့ပိုးသည့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆန်းသစ် တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင် မှုဆွေးနွေးပွဲ (Hybrid Seminar on Innovation and Young Entrepreneurship for Regional Development) ကို ဇူလိုင် ၂၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူး ကြီး Mr. Zheng Zhihong က အွန်လိုင်းမှတစ်ဆင့် တက်ရောက် ခဲ့ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှု ဆွေးနွေးပွဲ သည် တရုတ်နိုင်ငံမှ ငွေကြေး ထည့်ဝင်၍ ထူထောင်ထားသော လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေက ၂၀၁၉ ခုနှစ်တွင် ပံ့ပိုးထားသည့် စီမံကိန်း ၁၉ ခုထဲမှ တစ်ခုဖြစ် ကြောင်း၊ ရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင်နိုင်ငံ အသီးသီး အတွက် ပလက်ဖောင်း ထောက်ပံ့ ပေးကာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှု အတွေ့အကြုံများ မျှဝေ၍ ဒေသတွင်း ဆန်းသစ် တီထွင်မှုနှင့် စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုး ဆောင်ပေးရန် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
မြန်မာ သံအမတ်ကြီးက တရုတ်နိုင်ငံမှ ငွေကြေးထည့်ဝင်၍ ထူထောင်ထားသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံ အား ပံ့ပိုးကူညီပေးသည့်အတွက် မြန်မာနိုင်ငံက ကျေးဇူးတင်ရှိ ကြောင်း၊ လူငယ်များသည် မြန်မာ နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံနှင့် အထက်ရှိကြောင်း၊ လူငယ်များ သည် မြန်မာနိုင်ငံနှင့် မဲခေါင်မြစ် ဝှမ်း ဒေသနိုင်ငံများ၏ အနာဂတ် ဖြစ်ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲတွင် အောင်မြင်သော လူငယ်စီးပွားရေး လုပ်ငန်းရှင် များ၏ အတွေ့အကြုံကို မျှဝေ၊ ဖြန့်ဝေခြင်းဖြင့် လူငယ်များစွန့်ဦး တီထွင် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ကာ ပိုမိုများပြားသည့် လူငယ် စီးပွားရေးလုပ်ငန်းရှင်များ အား မွေးထုတ်ပေးပြီး အသေးစား၊ အငယ်စားလုပ်ငန်း ပမာဏနှင့် အရည်အသွေးများ မြှင့်တင်ပေး ကာ စီးပွားရေးတွင်အားလုံးပါဝင် မှုနှင့် စဉ်ဆက်မပြတ်တိုးတက် မှုကို တွန်းအားပေးသွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
သီရိ