အညာ ပုဂံရထားများ ပြန်လည်ပြေးဆွဲရန် ဒေသခံများလိုလား

 

နွားထိုးကြီး   ဇူလိုင်  ၂၈


မန္တလေးတိုင်းဒေသကြီး  နွားထိုးကြီးမြို့နယ်ကို အစုန်အဆန် ဖြတ်သွား သော  မီးရထားများ ရပ်နားထားသည်မှာ  နှစ်ချီကြာမြင့်နေ၍  မီးရထား များ ပြန်လည်ပြေးဆွဲပေးရန်  ဒေသခံများက လိုလားနေကြသည်။

 


ယခုလို  စက်သုံးဆီဈေးတက်၊ ကားခများ  မြင့်တက်နေချိန်တွင်  မြန်မာ့မီးရထားကို  ပြန်လည်တမ်းတနေကြခြင်းဖြစ်ရာ မန္တလေး - မြင်းခြံ  ကားခ ကျပ် ၇၀၀၀ ၊ မြင်းခြံ - နွားထိုးကြီး ကားခ ကျပ် ၂၀၀၀၊ မြင်းခြံ - မြို့သာ ကားခ ကျပ် ၅၀၀၀ စသဖြင့်  ကားခဈေးမြင့်နေချိန်  မြင်းခြံ - မန္တလေး ရထားခ ကျပ် ၁၅၀၀ ၊ မြင်းခြံ - နွားထိုးကြီး ကျပ် ၃၀၀၊   မြင်းခြံ - မြို့သာ  ကျပ် ၅၀၀ သာပေးရ၍    ဈေးချိုသော  မြန်မာ့ မီးရထားကို မျှော်နေကြခြင်းဖြစ်သည်။

 


 မြင်းခြံ - မြို့သာ ခေါက်ပြန် ကားရထား၊ ပုဂံ-မန္တလေး လော်ကယ်၊ ပုဂံ-မန္တလေး အမြန် စသဖြင့်  အစုန်အဆန်ရထားခြောက်စင်းပြေးဆွဲ စဉ်က ဒေသခံများ အဆင်ပြေခဲ့သည်။ ဈေးသက်သာ၍  ကျောင်းသား၊ ဝန်ထမ်း၊ သံဃာတော်များ မီးရထားစီးနိုင်ခဲ့ကြ၍ အညာမီးရထားများ ပြန်လည်ပြေးဆွဲပေးရန် လိုလားနေကြခြင်းဖြစ်သည်။            

(၀၁၈)