ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးဆောင်ရွက်

 

နေပြည်တော်    ဇူလိုင်    ၂၈


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊    ကုသရေးဆိုင်ရာ    ပစ္စည်းများကို လေကြောင်း၊  ပင်လယ်ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ   စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင်  ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ   ကုမ္ပဏီ  နှစ်ခု၊  ယာဉ်စီးရေ   ခုနစ်စီးဖြင့် Mask ၄၄ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်း များကို   သက်ဆိုင်ရာဌာနများနှင့်  ညှိနှိုင်းထားသည့်  SOP  များနှင့် အညီ   ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့်   ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာ ချက်များကိုလည်း  အများပြည်သူသိရှိစေရန်   ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 


သတင်းစဉ်