
နေပြည်တော် ဇူလိုင် ၂၈
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဘက်စုံထူးချွန် ဆုရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း ကို ယနေ့တွင် အနောက်တောင် တိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်း တိုင်း/စစ်ဌာနချုပ်တို့၌ ကျင်းပ ကြရာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ ပြော ကြားကြသည်။ ထို့နောက် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား ကျောင်းသူများ၊ ဘက်စုံထူးချွန်ဆု ရရှိသူများနှင့် ဒုတိယအောင်ချက်အကောင်းဆုံး ဆုရရှိသည့် ကျောင်းတို့ကို တိုင်းမှူး များနှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ထူးချွန်ဆုရ စစ်သည်များ၊ ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားကာ အမှတ်တရ စုပေါင်း ဓာတ်ပုံများ ရိုက်ကြသည်။
ဆုချီးမြှင့်ပွဲများ အပြီးတွင် ဆုရစစ်သည်များနှင့် ကျောင်းသား ကျောင်းသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်