
မအီ ဇူလိုင် ၂၆
ရခိုင်ပြည်နယ် မအီမြို့နယ် မအီချောင်းဖျားရှိ တောင်ပေါ်ဒေသနေပြည်သူများမှာ မိုးတွင်း ကာလတွင် သဘာဝအလျောက် ရာသီအလိုက် ပေါက်ရောက်သည့် မျှစ်များကို ချိုးယူရောင်းချ ခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စားဝတ် နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိုသို့ မျှစ်များကို ကိုယ်တိုင်ချိုးယူ ရောင်းချသူ မအီချောင်းဖျားရှိ ခြေတော်ရာ ကျေးရွာမှ ကိုမောင်ထော်ကို တွေ့ဆုံမေးမြန်း ခဲ့ရာတွင် “မျှစ်ချိုးရာမှာ နှစ်မျိုးရှိတယ်လို့ ပြော ချင်ပါတယ်။ တစ်နေ့စာ ရောင်းဖို့အတွက် တစ်ပိုင်တစ်နိုင်ချိုးတာနဲ့ ရသလောက်ချိုးယူ တာဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် ချိုးယူရောင်းချခြင်း ဖြစ်ပါ တယ်။ တစ်ပိုင်တစ်နိုင်ဆိုရာမှာ မျှစ်အစိမ်းတွေ ကို ရက်ရှည်ကြာစွာ ထားရှိမရနိုင်တာကြောင့် မိမိဒေသရဲ့ ဝယ်လိုအားအပေါ် မူတည်ပြီး တစ်နေ့စာ ရောင်းချဖို့ ချိုးယူတာ ဖြစ်ပါ တယ်။ ရသလောက် ချိုးယူခြင်းမှာ မိုးကုန် တဲ့အခါ ရောင်းချဖို့ မိုးတွင်းကာလတစ်လျှောက် မျှစ်ချဉ်လုပ်ပြီး သိုလှောင်ထားဖို့အတွက် ချိုးယူကြတာ ဖြစ်ပါတယ်” ဟု ပြော သည်။
တစ်နေ့စာ ရောင်းချရန် ချိုးယူရာ၌ တစ်ဦးလျှင် မျှစ်အချောင်းရေ ငါးရာ/ခုနစ်ရာခန့်သာ ချိုးယူကြကြောင်း၊ ရသလောက် ချိုးယူရာတွင် တစ်ရက်လျှင် တစ်ဦးကို မျှစ် အချောင်းရေ ၁၀၀၀ ကျော်ခန့် ချိုးယူရရှိနိုင် ကြောင်း၊ ခြေတော်ရာရွာတွင် ဝယ်လျှင် မျှစ်အချောင်း ၁၀၀ ကို ငွေကျပ် ၂၀၀၀ နှင့် ရောင်းချကြောင်း၊ ခြေတော်ရာရွာနှင့် တောင်ပေါ်လမ်းခရီး ၁၆ မိုင်ကွာဝေးသည့် မအီမြို့ဈေးတွင် ရောင်းချလျှင် မျှစ်အချောင်း ၁၀၀ ကို လက်ကားဈေးငွေကျပ် ၄၀၀၀ နှင့် လက်လီဈေးအနေဖြင့် ငွေကျပ် ၅၀၀ ဖိုးကို ၁၀ ချောင်း ရောင်းချရကြောင်း ၎င်းက ဆက်ပြောသည်။
မျှစ်များကို မအီမြို့နယ်အတွင်းရှိ သဒွန် ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် လက်ပံ ကျေးရွာအုပ်စုအတွင်းရှိ ခြေတော်ရာ၊ အညင်း တောင်၊ ဝက်ရနှင့် ဆံထုံးကျေးရွာများမှ ရခိုင် တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားအများစုက မိုးတွင်းကာလ၌ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်ပိုင်တစ်နိုင် ချိုးယူရောင်းချကြောင်း သိရသည်။
မောင်မောင်ဌေး (ပြန်/ဆက်)