
ကူမင်း ဇူလိုင် ၂၆
ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) မူဘောင်အရ နိုင်ငံတကာ ခရီးသွားလာရေး ကူးလူးဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်ကို ဇူလိုင် ၂၃ ရက်တွင် ကူမင်းမြို့၌ ကျင်းပ သည်။
ကူမင်းမြို့အခြေစိုက် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေး သံမှူး ဒေါက်တာဝေရီလင်းက ဖိုရမ်၌ မြန်မာ့ခရီးသွားလုပ်ငန်း အရင်းအမြစ်များကို မိတ်ဆက် ပေးခဲ့ပြီး မြန်မာနိုင်ငံတွင် တစ်နှစ် ပတ်လုံး ဆွဲဆောင်မှုအပြည့်ရှိ သော ခရီးသွားနေရာများစွာ ရှိကြောင်း၊ ရန်ကုန်၊ ပုဂံနှင့် အင်းလေးကန် စသည့်နေရာများ ကို နိုင်ငံခြားခရီးသွားများက များစွာ နှစ်သက်ကြကြောင်း၊ ကပ်ရောဂါမတိုင်မီက တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ခရီးသွားများ အများဆုံးလာရောက် သည့်နိုင်ငံဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယခုနှစ် မေလမှစတင်၍ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ နိုင်ငံခြားခရီးသွားဧည့်သည် ၁၆၂၂ ဦးကို လက်ခံခဲ့ရာ တရုတ် ခရီးသွား ဧည့်သည်ဦးရေသည် အများဆုံးဖြစ်ကြောင်း၊ ယင်းက တရုတ်နှင့် မြန်မာနိုင်ငံအကြား လူပုဂ္ဂိုလ် ကူးလူးဖလှယ်ရေး လိုအပ်ချက် ကြီးမားကြောင်း အပြည့်အဝ သက်သေပြနေပြီး ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင် ရွက်မှုသည် ကျယ်ပြန့်သော အလားအလာများ ရှိနေကြောင်း၊ ကပ်ရောဂါ တဖြည်းဖြည်း လျော့ပါး သက်သာသွားသည့် အလျောက် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးပြန်လည်ဦးမော့လာစေ ရန်အတွက် အားကောင်းသော မောင်းနှင်အား ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ သည်။
RCEP သည် ယာယီနယ်စပ် ဖြတ်ကျော် သွားလာမှုအတွက် ပိုမို အဆင်ပြေချောမွေ့စေ ကြောင်း၊ အကြိမ်ရေများစွာ၊ ကာလတို နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ ပိုမိုလွယ်ကူ အဆင်ပြေစေကြောင်း၊ လေ့လာ ရေး၊ အားလပ်ရက်၊ အပန်းဖြေခရီး၊ သုတေသနလေ့လာရေး စသည့် ခရီးသွားလုပ်ငန်း ကဏ္ဍများ တိုးမြင့်လာကာ နယ်စပ်ဖြတ် ကျော် ခရီးသွားဈေးကွက် ဖွံ့ဖြိုး တိုးတက်လာမည့် အလားအလာ များကိုလည်း ဆက်လက်ထုတ် ဖော် ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအရာရှိများ၊ လုပ်ငန်း နယ်ပယ်မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များက ယူဆ ကြကြောင်းသိရသည်။
သီရိ