မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သံတွဲ၌ ဆောင်ရွက်

 

သံတွဲ ဇူလိုင်  ၂၂


သံတွဲခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှု ဖြင့်      သံတွဲမြို့နယ်     သဘာဝ ဘေးအန္တရာယ်           စီမံခန့်ခွဲမှု ကော်မတီက   ကြီးမှူးကျင်းပ သည့်         သဘာဝဘေးအန္တရာယ် ကျရောက်လာပါက   အချိန်နှင့် တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ   ဆောင်ရွက်နိုင်ရေး အတွက်      မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ကို ယနေ့နံနက် ၈နာရီက ငပလီ မြို့ ဂျိတ္တောရပ်ကွက် ကမ်းခြေတွင်  ပြုလုပ်သည်။

 


ရှေးဦးစွာ  သံတွဲခရိုင်ဘေး အန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ပြည်သူလူထုအား      မုန်တိုင်း ဘေးအန္တရာယ်    သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက် မည့်အစီအမံများနှင့် မုန်တိုင်းဘေး အန္တရာယ် အရောင်အဆင့်ဆင့် သတ်မှတ်ထားရှိမှုတို့ကို ရှင်းလင်း ပြောကြားသည်။

 


ထို့နောက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက   ထုတ်ပြန် လျက်ရှိသည့်           မုန်တိုင်းဘေး အန္တရာယ်  အရောင်အဆင့်ဆင့် ပြောင်းလဲမှုကို အသံချဲ့စက်များဖြင့် သက်ဆိုင်ရာ   အုပ်ချုပ်ရေးအဖွဲ့ များက ပြည်သူများအား အသိပေး နှိုးဆော်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်စေကာ  အနီရောင် အဆင့်  ပြောင်းလဲရောက်ရှိလာပြီ ဖြစ်သဖြင့် ဘေးလွတ်ရာကြိုတင် ကယ်ဆယ်ရေးစခန်းစုရပ်များသို့ ပြောင်းရွှေ့ပေးနေမှုတို့ကို   ဇာတ် တိုက်လေ့ကျင့်ပြီး မုန်တိုင်း  အညိုရောင်အဆင့်တွင် ဘေးလွတ်ရာ    စုရပ်နေရာများ၌ သံတွဲခရိုင်   သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ      ဥက္ကဋ္ဌ ဦးမျိုးချစ်က   ပြည်သူများအား     မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန် တူ ဇာတ်တိုက်လေ့ကျင့်မှုဆောင် ရွက်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားကာ  ပြည်သူ များအား  မုန်တိုင်းဘေးအန္တရာယ် အတွက် ဆောင်ရန် ရှောင်ရန်များ ကို  အသိပညာပေးဟောပြောပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးသည်။

 


ဆက်လက်၍   သံတွဲမြို့နယ် မီးသတ်တပ်ဖွဲ့၊    ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်   ဌာနဆိုင်ရာများ ပူးပေါင်း၍ မုန်တိုင်းမကျရောက်မီ စာနပ်ရိက္ခာများ၊    အရေးကြီး စာရွက်စာတမ်းများ၊  အိုးအိမ်နှင့် ငါးဖမ်းပိုက်လှေများ    ထိခိုက် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ထိန်းသိမ်း ဆောင်ရွက်ရ မည့်  နည်းလမ်းများနှင့် မုန်တိုင်း အပြီး မြေပြင်၊ရေပြင်ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် မှုတို့ကို        လက်တွေ့သရုပ်ပြ ဇာတ်တိုက်         လေ့ကျင့်မှုများ ဆောင်ရွက်သည်။

 


အဆိုပါ         မုန်တိုင်းဘေး အန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်မှုများကို  အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီး ချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နှင့်   တာဝန်ရှိသူများ  ကြည့်ရှု အားပေးသည်။ 


ခရိုင်(ပြန်/ဆက်)