လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ စတုတ္ထအကြိမ်အဆင့်မြင့်ညှိနှိုင်းစည်းဝေး

 

နေပြည်တော်   ဇူလိုင်   ၂၂


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး တို့၏ စတုတ္ထအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 


 အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်       ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်       ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊     အမြဲတမ်းအတွင်းဝန်များနှင့်   ဌာနဆိုင်ရာများမှ     ညွှန်ကြားရေးမှူးချုပ်များနှင့်   တာဝန်ရှိသူများ  တက်ရောက်ကြသည်။   အစည်း အဝေးသို့   အာဆီယံအတွင်းရေးမှူးချုပ်နှင့်   AHA Centre   အမှုဆောင်ညွှန်ကြားရေးမှူး၊   အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့်  AHA  Centre မှ တာဝန် ရှိသူများက   Online  ဖြင့်  ပါဝင်တက်ရောက်ကြ သည်။ 

 


အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်     ပြန်လည်နေရာချထားရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အဖွင့်အမှာစကား ပြောကြားကြသည်။

 


အစည်းအဝေးပူးတွဲသဘာပတိ ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာသက်သက်ခိုင်က  အာဆီယံ အတွင်းရေးမှူးချုပ်၏    ရခိုင်ပြည်နယ်  တည်ငြိမ် အေးချမ်းရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေး   ပူးပေါင်း ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ဆောင်မှုများတွင် အဟန့်အတား များ ရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကနဦး လိုအပ်ချက်ဆန်းစစ်လေ့လာမှုပါ အကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊   သက်ဆိုင်ရာဝန်ကြီးဌာနများ၊  ဦးစီး ဌာနများနှင့် အာဆီယံ Ad-Hoc Support Team တို့ ပူးပေါင်း၍ အဆိုပြုစီမံကိန်းများ ပြင်ဆင်ဖြည့်စွက် ရေးဆွဲခြင်းများကို   ညှိနှိုင်းလုပ်ဆောင်လျက်ရှိပါ ကြောင်း ပြောကြားသည်။

 


ထို့နောက်   ပူးတွဲသဘာပတိ  အာဆီယံအတွင်း ရေးမှူးချုပ် Dato Lim Jock Hoi က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊    လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးဆိုင်ရာ     လုပ်ဆောင်မှုများကို အာဆီယံအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး   ယနေ့အစည်းအဝေးတွင်  ယခင် ဆောင်ရွက်ထားရှိခဲ့သော       ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှု (PNA)ပါ ပူးပေါင်းဆောင်ရွက်နိုင် မည့် လုပ်ငန်းနယ်ပယ်များအလိုက် ပိုမိုကောင်းမွန် သည့်  လုပ်ငန်းများ၊   အကြံပြုချက်များရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း   ပြောကြားသည်။  ထို့နောက် ဝန်ကြီးဌာန/ ဦးစီးဌာနများက အဆိုပြုထားသော စီမံကိန်း ငါးခုကို အတည်ပြုကြသည်။ 

 


ယင်းနောက် PNA အရ အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သော စီမံကိန်းများ၊ ဆောင်ရွက်ဆဲစီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၊ AHA Centre ၊ Ad-Hoc Support Team မှ    တာဝန်ရှိသူများက  ဦးစားပေးစီမံကိန်းများ အလိုက် ဆောင်ရွက်တိုးတက်မှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဆီယံနှင့် ထပ်မံပူးပေါင်း ဆောင်ရွက်ရန်   အလားအလာရှိသည့်  လုပ်ငန်း နယ်ပယ်အသစ်များနှင့် ဦးစားပေးစီမံချက်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး    ပြည်ထောင်စု ဝန်ကြီးက   ရခိုင်ပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်လက်ခံရေးအတွက် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်နေမှုအခြေအနေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်နေမှုကို   အသိပေးဆွေးနွေးခဲ့ ကြောင်း သိရသည်။             
               

သတင်းစဉ်