မြန်မာအလုပ်သမားများ MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

ကော့သောင်း  ဇူလိုင်  ၂၂     


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲ ပိုင်းက   ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့်   မြန်မာအလုပ်သမား အမျိုးသား ၆၉ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၉၁ ဦး ထိုင်းနိုင်ငံသို့  MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

 


အဆိုပါ   မြန်မာအလုပ်သမားများအား  ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီတစ်ခုဖြစ်သည့် Yellow Dawn Services  Co,Ltd မှ ထိုင်းနိုင်ငံရှိ Tat Win Co,Ltd နှင့် Dipped Products(Thailand) Co,Ltd တို့သို့ နှစ် နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင် နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်း အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံ သို့  ပို့ဆောင်ပေးမည်ဖြစ်ရာ  သွားရောက်အလုပ်လုပ်ကိုင်မည့်  မြန်မာ အလုပ်သမားများအား  ကော့သောင်းခရိုင်  အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့်  တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ  အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီသို့  စနစ်တကျ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။    


ကျော်စိုး(ကော့သောင်း)