
နေပြည်တော် ဇူလိုင် ၂၁
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် မြို့မှ PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ တွင် ကျုံပျော်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း နှင့် တာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်း သူများ တက်ရောက်ကြသည်။
ဦးစွာ တပ်နယ်မှူးနှင့် တာဝန် ရှိသူများက နယ်မြေဒေသတည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သော ကျုံပျော်မြို့နယ် မှ PDF အဖွဲ့ဝင် အမျိုးသား သုံးဦး နှင့် အမျိုးသမီး နှစ်ဦးတို့ကို ဝန်ခံ ကတိလက်မှတ်ရေး ထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ် မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက် အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက်ခြင်းပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန် ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန် ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များ က တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက် ရှိကြ သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူ များက ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်