
ရန်ကုန် ဇူလိုင် ၂၁
ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အတွင်း ဘုရင့့်နောင်ကုန်စည်ဈေးကွက်၌ ငရုတ်ရှည်နှင့် ကြက်သွန်ဖြူကြူကုတ် ဈေးနှုန်းများ မြင့်တက်လာရာ ငရုတ်ဈေးနှုန်း တစ်ပိဿာ ကျပ်တစ်သောင်းအထိ ဈေးမြင့်လာသည်။ တစ်လအတွင်း ဈေးနှုန်းတည်ငြိမ်သည့် ကြက်သွန်နီမှာ တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင် ဈေးတက်လာခဲ့သည်။ ရွှေဘိုပေါ်ဆန်း တစ်အိတ် ငါးထောင်ဝန်းကျင်နှုန်း မြင့်တက်လာခဲ့ကာ မတ်ပဲမှာမူ တစ်တန် ကျပ် ၁၆ သိန်းအထက်သို့ ဇူလိုင် ၁၆ ရက်က ပြန်လည်မြင့်တက် လာသည်။
မတ်ပဲနှင့် ပဲစင်းငုံနီ
ဇူလိုင်၂၀ ရက် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ(FAQ/RC) တစ်တန် ကျပ် ၁၆၇၀၀၀၀၊ SQ/RC တစ်တန် ကျပ် ၁၉၀၅၀၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၁၄၉၀၀၀ အသီးသီးရှိနေသည်။ ဇူလိုင် ၁၈ ရက်တွင် မတ်ပဲ FAQ/RC တစ်တန် ကျပ် ၁၅၈၂၅၀၀ ရှိရာမှ ယင်းရက်အလွန် ဖွင့်ရက်တွင် မတ်ပဲတစ်တန် ကျပ်တစ်သိန်းဝန်းကျင် တက်လာခဲ့သည်။
ဆန်
ရွှေဘိုပေါ်ဆန်း ဈေးမြင့်တက်လာရာ ယခုသီတင်းပတ်တွင် ထိပ်စတစ်အိတ် လက်ကား ကျပ် ၇၀၀၀၀ နှုန်း ရှိလာသဖြင့် တစ်အိတ် ကျပ် ၅၀၀၀ မြင့်တက်လာသည်။ ပုသိမ်မြောင်းမြ ပေါ်ဆန်း လက်ကား ဈေး တစ်အိတ် ကျပ် ၅၄၅၀၀၊ ဘိုကလေးပေါ်ဆန်း ကျပ် ၄၉၀၀၀၊ ပေါ်ကျွဲ ကျပ် ၄၀၀၀၀၊ ဆန်ကြမ်းတစ်အိတ် ကျပ် ၃၇၀၀၀ နှင့် သီးထပ် တစ်အိတ် ကျပ် ၃၂၀၀၀ အသီးသီးရှိကြောင်း သိရသည်။
ကြက်သွန်နီ/ ကြက်သွန်ဖြူ
ဇူလိုင် ၂၀ ရက် ရန်ကုန်ဈေးကွက်၌ ကြက်သွန်နီ (ဆိတ်ဖြူ) တစ်ပိဿာ ကျပ် ၁၃၀၀ မှ ကျပ် ၁၈၅၀၊ ကြက်သွန်နီ (မြင်းခြံ)တစ်ပိဿာ ကျပ် ၁၄၀၀ မှ ကျပ် ၂၀၀၀ နှုန်း အသီးသီးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။ ရှမ်းကြက်သွန်ဖြူ(အောင်ပန်း နယ်ထွက်)လက်ကားတစ်ပိဿာ ကျပ် ၂၀၀၀-၂၆၀၀-၃၂၀၀-၃၇၀၀၊ ကြူကုတ် တစ်ပိဿာ ကျပ် ၃၁၀၀ နှုန်းဖြစ်သည်။
ငရုတ်/ အာလူး
ငရုတ်ရှည်နှင့် မိုးထောင်ငရုတ်များမှာ ဇူလိုင် ၂၀ ရက်က တစ်ပိဿာ ကျပ်တစ်သောင်းနှုန်းရှိပြီး၊ သဲတောမိုးထောင် အသစ် (ရိုးရိုး) တစ်ပိဿာ ကျပ် ၉၈၀၀၊ နယ်သာလန်မျိုး သဲတောနယ်ထွက် ငရုတ်ရှည်အသစ် ကျပ် ၉၅၀၀ စသည်ဖြင့် ဈေးရှိကာ ဆင်ဖြူကျွန်း နှင့် မြစ်ဝငရုတ်ပွတို့မှာ ဈေးပြောင်းလဲခြင်းမရှိဟု သိရသည်။ ရှမ်း အာလူး(အောင်ပန်း) အသစ်ရွှံ့ကပ်(ဒုံး) ကျပ် ၁၃၅၀ နှုန်း၊ မြေနီအမာသီး အောင်ပန်း အာလူးတစ်ပိဿာ ကျပ် ၁၇၀၀၊ တရုတ်အာလူး ကျပ် ၁၆၅၀ နှုန်း ဇူလိုင် ၂၀ ရက်တွင် ရှိခဲ့သည်။
စားသုံးဆီ
ပြည်ပဈေးနှင့် ပြည်တွင်းလက်ကားရည်ညွှန်း စားအုန်းဆီဈေးနှုန်း များ သိသာစွာ ကျဆင်းလာသော်လည်း ရန်ကုန်ပြင်ပဆီဈေးကွက် အတွင်း လက်ကားအလှယ်ပေပါ တစ်ပိဿာ ကျပ် ၈၀၀၀ ဝန်းကျင် ရှိနေသေးကြောင်း သိရသည်။ နေကြာပီပါ ဈေးနှုန်း လက်ကား တစ်ပိဿာ ကျပ် ၇၈၀၀၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၈၀၀၀၊ မြေပဲဆီမှာ မူ လက်လီ တစ်ပိဿာ ကျပ် ၉၀၀၀ မှ ၁၁၀၀၀ အတွင်း ဈေးနှုန်းဖြင့် ရောင်းချနေကြသည်။
အောင်ခင်နိုင်