ပြင်ဦးလွင်မြို့နယ် ဈေးသမဝါယမအသင်းလီမိတက်က အသင်းသားများသို့ အမြတ်ငွေများထုတ်ပေး

 

ပြင်ဦးလွင်  ဇူလိုင်   ၂၁


ပြင်ဦးလွင်မြို့နယ် မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်က အသင်းသားပြည်သူများ၏  စားဝတ်နေရေးနှင့် လူမှုရေးကိစ္စများတွင်   အထောက်အကူပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက်  အသင်းမှရရှိသော  အကျိုးအမြတ်များ ထုတ်ပေးခြင်းကို   ဇူလိုင်  ၂၀  ရက်က အဆိုပါအသင်း၌ ပြုလုပ်သည်။

 


ထို့နောက် အသင်းမှ အသင်းသားပြည်သူ ၇၇၀ ကျော်အား တစ်ဦး လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၁၅၀ ကျော် အကျိုးအမြတ် များကို လက်ဝယ်အရောက် ထုတ်ပေးသည်။                  

သတင်းစဉ်