
နေပြည်တော် ဇူလိုင် ၂၁
ဇူလိုင် ၂၁ ရက် မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၃၇ မိနစ်၊ ၂၆ စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် ၁၈ မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၇ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၂၁.၂၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၈၆ ဒီဂရီ၊ အနက် ၈ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆.၁ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်လှုပ်ရှားခဲ့ကြောင်း သိရသည်။
မိုး/ဇလ